လေကြောင်းသုံးဓာတ်ဆီ အိန္ဒိယ ပထမဆုံးအကြိမ် တင်ပို့


31 January, 2023

လေကြောင်းသုံးဓာတ်ဆီ အိန္ဒိယ ပထမဆုံးအကြိမ် တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အိန္ဒိယနိုင်ငံမှ Indian Oil Corporation (IOC) သည် လေကြောင်းသုံးဓာတ်ဆီ aviation gasoline စတင် တင်ပို့ကြောင်း Reuters သတင်းဖော်ပြခဲ့သည်။

လက်ရှိတွင် IOC သည် အိန္ဒိယနိုင်ငံတွင် တစ်ဦးတည်းသော လေကြောင်းသုံးဓာတ်ဆီ ထုတ်လုပ်သူဖြစ်သည်။ ၎င်း၏ စက်ရုံသည် လေကြောင်းသုံးဓာတ်ဆီ တစ်နှစ်လျှင် တန်ချိန် ၅,၀၀၀ အထိ ထုတ်လုပ်နိုင်သည်။

‌ယခုလို အိန္ဒိယနိုင်ငံမှ လေကြောင်းသုံးဓာတ်ဆီ စတင် တင်ပို့လိုက်ခြင်းသည် အန္ဒိယနိုင်ငံ၏ ရေနံနှင့် ရေနံထွက်ပစ္စည်း ကုန်သွယ်မှုတွင် အဆင့်အသစ်တစ်ခုသို့ စတင်ဝင်ရောက်လိုက်ခြင်း ဖြစ်သည်။
 IOC မှ တင်ပို့သည့် လေကြောင်းသုံးဓာတ်ဆီသည် မောင်းသူမဲ့ယာဉ်ပျံများ unmanned aerial vehicles (UAV) နှင့် လေယာဉ်ငယ်များတွင် သုံးစွဲကြသည်။ 
unmanned aerial vehicle (UAV) နှင့် ဒရုံး drone နှစ်မျိုးစလုံး လေထဲ ပျံသန်းကြရာ၌ ယာဉ်ပေါ်တွင် မောင်းနှင်သူ မပါတာချင်း တူကြသော်လည်း ဒရုံးများသည် လူ၏ ထိန်းကျောင်းပေးခြင်း မပါဘဲ ပင်ကိုယ်စွမ်းရည်ဖြင့် ပျံသန်းသွားလာ နိုင်ကြသည်။ UAV သည် လူက မြေပြင်မှ  ထိန်းကျောင်းပေးရန် လိုအပ်သော ‌ယာဉ်ပျံများ ဖြစ်သည်။


 
လေကြောင်းသုံးဓာတ်ဆီ ကမ္ဘာ့ဈေးကွက်သည် ကန်ဒေါ်လာ ၂.၇ ဘီလီယံရှိသည်ဟု ခန့်မှန်းထားပါသည်။

IOC မှ ပထမအသုတ် လေကြောင်းသုံးဓာတ်ဆီ တင်ပို့ခဲ့ရာတွင် အိန္ဒိယနိုင်ငံ Jawaharlal Nehru Port Trust (JNPT) ဆိပ်ကမ်းမှ ပါပူးဝါး နယူးဂီနီယာနိုင်ငံသို့ လေကြောင်းသုံးဓာတ်ဆီ စည် ၈၀ ခု တင်ပို့ခဲ့ပါသည်။ စည်တစ်ခုလျှင် လေကြောင်းသုံးဓာတ်ဆီ ၁၆ ကီလိုလီတာ ပါဝင်သည်။

လေကြောင်းသုံးဓာတ်ဆီ Aviation gasoline သည် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်နှင့် အရည်အသွေးစံချိန်စံညွှန်းများနှင့်အတူ အောက်တိန်း octane မြင့်မားသော လေကြောင်းသုံး လောင်စာဆီ တစ်မျိုး ဖြစ်ပါသည်။
လေယာဉ်မောင်း သင်တန်းကျောင်းများတွင် ပစ္စတင်အင်ဂျင်သုံး လေယာဉ်များမှာ လေကြောင်းသုံးဓာတ်ဆီကို သုံးစွဲကြသည်။ 


Indian Oil Corporation သည် ပြည်တွင်းရှိ လေယာဉ်မောင်းသင်တန်းကျောင်း ၃၅ ခုဝန်းကျင်ထံ လေကြောင်းသုံးဓာတ်ဆီ ပေးသွင်းပါသည်။ ပိုလျှံသည့် လေကြောင်းသုံးဓာတ်ဆီများကို ပြည်ပသို့ တင်ပို့နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ တောင်အမေရိက၊ အာရှပစိဖိတ်၊ အနောက်အာရှ၊ အာဖရိကနှင့် ဥရောပ ဈေးကွက်များတွင် UAV အသုံးများလာသည်နှင့်အမျှ ဝယ်လိုအားလည်း မြင့်တက်လာနေပါသည်။

အိန္ဒိယသည် ယခင်က ၂၀၂၂ စက်တင်ဘာလအထိ လေကြောင်းသုံးဓာတ်ဆီကို ဥရောပဈေးကွက်ထံမှ တင်သွင်းခဲ့ပါသည်။ ၂၀၂၂ စက်တင်ဘာလတွင် Indian Oil Corporation က လေကြောင်းသုံးဓာတ်ဆီ ထုတ်လုပ်မှု စတင်ခဲ့ပါသည်။ 
Source livemint

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Export, Import Read 3668 times