အင်ဒိုနီးရှား ကမ္ဘာ့အကျယ်ဆုံး စက်မှုဇုန်တွင် ဘက်ထရီစက်ရုံ တည်ဆောက်ရန် Tesla ကို ဖိတ်ခေါ်


30 May, 2022

အင်ဒိုနီးရှား ကမ္ဘာ့အကျယ်ဆုံး စက်မှုဇုန်တွင် ဘက်ထရီစက်ရုံ တည်ဆောက်ရန် Tesla ကို ဖိတ်ခေါ်

 

အင်ဒိုနီးရှားမှ ပင်လယ်ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က အမေရိကန်မှ ထိပ်တန်း လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Tesla က အင်ဒိုနီးရှားနိုင်ငံမှာ တည်ဆောက်မယ့် ဘက်ထရီစက်ရုံကို အင်ဒိုနီးရှားနိုင်ငံရဲ့ အပြည့်စုံဆုံး စက်မှုဇုန် Kaltara Industrial Park မှာ တည်ဆောက်နိုင်ခြေ ရှိကြောင်း ပြောကြားပါတယ်။ ကြီးမားတဲ့ စက်မှုဇုန်ဧရိယာက အင်ဒိုနီးရှားနိုင်ငံ မြောက်ကာလီမန်တန်မှာ တည်ရှိပြီး အကျယ်အဝန်း ၃၀,၀၀၀ ဟက်တာ ရှိပါတယ်။ 

 

အဆိုပါဧရိယာမှာ ရေအားလျှပ်စစ် ၁၀,၀၀၀ မီဂါဝပ်၊ ဆိုလာပါဝါ ၁၀,၀၀၀ မီဂါဝပ်၊ သဘာဝဓာတ်ငွေ့ဖြင့် ၂၉,၀၀၀ မီဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပါတယ်။
Kaltara စက်မှုဇုန်က ကမ္ဘာ့အကျယ်ဆုံး စက်မှုဇုန် ဖြစ်ပါတယ်။ စက်မှုဇုန် တည်ဆောက်ရေးကို ၂၀၂၁ ဒီဇင်ဘာလမှာ စတင်ခဲ့ပါတယ်။ 

 

 

သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ ဘက်ထရီနှင့် မော်တော်ယာဥ်  ထုတ်ကုန်များ ထုတ်လုပ်ရေးအတွက်  Musk ရဲ့ မျှော်မှန်းချက်နှင့် အလွန်ကိုက်ညီကြောင်း ဝန်ကြီးက ပြောကြားပါတယ်။
Kaltara စက်မှုဇုန်ဟာ Elon Musk  ရဲ့ "ပထမဆုံးရွေးချယ်မှု" ဖြစ်လာလိမ့်မယ်လို့ သူ ယူဆကြောင်း ပြောကြားပါတယ်။ 
Tesla ရဲ့ ကိုယ်စားလှယ်အဖွဲ့က အင်ဒိုနီးရှားကို လာရောက်ပြီး ဆွေးနွေးခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ မိုရိုဝါလီတွင် နီကယ် ထုတ်လုပ်ရေး အချက်အချာအဖြစ် လုပ်ကိုင်ဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း ဝန်ကြီးက ပြောကြားပါတယ်။

 

Myanmar Industry Guide

 

 

 

Investment/Divestment Read 472 times