အင်ဒိုနီးရှားမှ မြန်မာ့ဆန်တင်ပို့သူများကို တင်ဒါဝင်ပြိုင်ရန် ကမ်းလှမ်းထား


04 March, 2019

ပြည်ပနိုင်ငံများကို ဆန်တင်ပို့နေတဲ့ မြန်မာ Exporter များကို တင်ဒါဝင်ရောက်ယှဉ်ပြိုင်ဖို့ အင်ဒိုနီးရှားအစိုးရက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။


ပြီးခဲ့တဲ့လအတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အင်ဒိုနီးရှားကုန်သွယ်ရေးဌာနတို့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာသန်း ၅၀၀ ရှိပြီး မြန်မာနိုင်ငံမှတင်ပို့တဲ့ ပို့ကုန်များမှာ နည်းနေသေးတဲ့အတွက် နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ Trade Deposite မဖြစ်စေဖို့ ဆန်၊ စပါးတိုးချဲ့တင်ပို့နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆန်စပါးအသင်းချုပ်ကို ညွှန်ကြားထားပါတယ်။

“ဒါကြောင့် နောင်တင်ဒါခေါ်ယူချိန်မှာ အသင်းချုပ်လက်အောက်မှာရှိတဲ့ Exporter  ကုမ္ပဏီတွေအနေနဲ့ တင်ဒါမှာပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အင်ဒိုနီးရှားအစိုးရဘက်က ကမ်းလှမ်းလာတာတွေရှိတယ်လို့ ဦးအောင်သန်းဦး ကပြောပါတယ်။

ဒါ့ပြင် ဈေးကွက်မှာ နိုင်ငံတကာထက် ဈေးနှုန်းလျှော့ရောင်းချခြင်းနဲ့ အရည်အသွေးကောင်းစွာ ရောင်းချနိုင်ခြင်းနှစ်မျိုးသာရှိကြောင်း၊ ကုန်ရောင်းကုန်ဝယ်ပြုလုပ်ရာမှာလည်း နှစ်ဖက်တွက်ခြေကိုက်မှသာ ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။

ပြည်တွင်းဆန်များ နိုင်ငံတကာဈေးကွက်ကို အဆင်ပြေစွာမတင်ပို့နိုင်ပါက ပြည်တွင်းမှာပိုလျှံနေပြီး ဈေးနှုန်းများကျဆင်းကာ တောင်သူများ အခက်အခဲကြုံနိုင်တဲ့အတွက် ကမ္ဘာ့ပေါက်ဈေးများအတိုင်း ရောင်းချသင့်ပါတယ်။

The Myawady Daily

Myanmar Industry Directory

Export, Import Read 1567 times