အင်ဒိုနီးရှား၏ ဒေါ်လာ ခုခံကာကွယ်ရေး မာထန်နေဆဲ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အင်ဒိုနီးရှား၏ ငွေကြေးသည် တန်ဖိုးကျဆင်းနေပြီး ၎င်း၏ ငွေချေးစာချုပ်ဈေးကွက်များမှ နိုင်ငံခြားငွေများသည် ထွက်ခွာသွားရန် ဦးတည်နေသည်။
ကမ္ဘာ့ငွေကြေး လေပြင်း လေဆန်တိုက်ခတ်မှုများကို လပေါင်းများစွာ သိသိသာသာ ခံနိုင်ရည်ရှိခဲ့ပြီးသည့်နောက် အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သော အင်ဒိုနီးရှားသည် နောက်ဆုံးတွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာမည့်အရေးကို စိုးရိမ်စရာ ဖြစ်လာပြီလောဟု ဆန်းစစ်ကြည့်ကြသည်။
အင်ဒိုနီးရှားသည် သဘာဝဓာတ်ငွေ့၊ စားအုန်းဆီ အပါအဝင် ပို့ကုန်များကြောင့် အံ့အားသင့်ရလောက်အောင် အခြေအနေ ကောင်းမွန်နေခဲ့ပါသည်။
အင်ဒိုနီးရှား စတော့ဈေးကွက်သည်လည်း ယခုနှစ်တွင် အာရှမှာ အခြေအနေ အကောင်းဆုံး ဖြစ်နေခဲ့ပါသည်။
နိုင်ငံသုံးငွေ ရူပီယာသည် ယခုနှစ်တွင် ဩဂုတ်လကုန်အထိ အားပြင်းထန်သည့် ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ၃% သာ ကျဆင်းခဲ့သည်။ နှိုင်းယှဉ်ပါက တောင်ကိုရီးယား ဝမ်နှင့် ထိုင်းဘတ်တို့ ၁၀% ကျော် ကျဆင်းသည်။
စက်တင်ဘာလတွင် ရူပီယာ လျှောဆင်းသည်။ တစ်လအတွင်း ၂.၅% ကျဆင်းခဲ့သည်။ ထိုသို့ အကျကြမ်းသဖြင့် နောက်ဆက်တွဲအဖြစ် နိုင်ငံခြားသုံးငွေ အရန်ငွေလက်ကျန် နည်းပါးခြင်း၊ ကြွေးမြီများ ကန်ဒေါ်လာ တန်ဖိုးတက်သဖြင့် မြင့်တက်ခြင်း၊ ပြည်ပအရင်းအနှီးများ ထွက်ခွာခြင်းတို့ ဖြစ်ပေါ်လာစေနိုင်သည်ဟု စိုးရိမ်မကင်း ဖြစ်ကြသည်။
ကြွေးမြီပေးဆပ်မှုများနှင့် ရူပီယာကို တည်ငြိမ်စေရန် ဗဟိုဘဏ် Bank Indonesia ၏ ဆောင်ရွက်ချက်များကြောင့် အင်ဒိုနီးရှား၏ နိုင်ငံခြားငွေအရန်ငွေသည် ပြီးခဲ့သည့်လတွင် ဒေါ်လာ ၁.၄ ဘီလျံမှ ဒေါ်လာ ၁၃၀.၈ ဘီလီယံသို့ ကျဆင်းသွားသည်။
စက်တင်ဘာလအတွက် အချက်အလက်များသည် အင်ဒိုနီးရှား၏ ငွေကြေးဖောင်းပွမှုတွင် ခုနစ်နှစ်တာ အမြင့်ဆုံးအထိ မြင့်တက်လာသည်ကို ပြသခဲ့ပြီး လောင်စာဆီဈေးနှုန်းများ ခုန်တက်သွားခဲ့သည်ကို ရောင်ပြန်ဟပ်နေသည်။
အင်ဒိုနီးရှားမှ တင်ပို့သော ဆီနှင့် အခြားသဘာဝအရင်းအမြစ်များ၏ ဈေးနှုန်းများ ဆက်လက်မြင့်မားနေမည်ဟု ရင်းနှီးမြှုပ်နှံသူများက ထင်ကြေးပေးထားကြသဖြင့် စတော့ရှယ်ယာဈေးကွက်သည် ဆက်လက်တောက်ပနေသေးသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဗဟိုဘဏ် ဖြစ်သော Bank Indonesia သည် အတိုးနှုန်း အနည်းဆုံး အနေအထားကို ရယူထားခဲ့ရာမှ ငွေကြေးဖောင်းပွမှုကို ကြိုတင်ဟန့်တားသည့်အနေဖြင့် အတိုးနှုန်းကို အခြေခံ ဒသမ ၅၀ မြှင့်တင်လိုက်သည်။ နောက်နောင်မြင့်တက်လာဖွယ် ရှိနေသည့် ကုန်ဈေးနှုန်းကို ယခုကတည်းက တန်ပြန်ထားလိုက်သည်။
"အင်ဒိုနီးရှားမှာ ကျိုးကြောင်းဆီလျော်တဲ့ လုပ်ဆောင်ထားမှုတွေ ရှိနေသေးတယ်၊ ကြိုတင်စီမံတဲ့ ဗဟိုဘဏ်တစ်ခု ရှိနေတုန်းပဲ၊ ယုံကြည်စိတ်ချရမှုလည်း အများကြီး ရှိတယ်၊ ပြီးတော့ ပို့ကုန် ကုန်စည်အမျိုးမျိုးကလည်း တွန်းတင်ပေးနေပါတယ်" ဟု Federated Hermes မှ အကြီးတန်း အရာရှိ Ihab Salib က ပြောကြားသည်။
ကုန်သွယ်ရေး ပိုငွေပြနေခြင်းက နိုင်ငံမှ ထွကမခွာသည့် အရင်းအနှီးများကြောင့် လျော့ပါးသွာူသည်ကို ခုထေပေးနေသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်များက အင်ဒိုနီးရှားငွေချေးစာချုပ်များ၏ နိုင်ငံခြားပိုင်ဆိုင်မှုသည် ထက်ဝက်နီးပါး ရှိခဲ့သော်လည်း ယခုအခါ ၁၄% မျှသာ ရှိတော့သဖြင့် အရင်းအနှီးများ ပြန်နုတ်ယူကြလျှင်လည်း သက်ရောက်မှု ပြင်းထန်မည် မဟုတ်ပေ။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U