မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း ထုတ်လုပ်မှု ခိုင်မာစွာတိုးတက်ခြင်းကို ဆက်ထိန်းထား


01 February, 2019

နစ်ကေး (Nikkei) မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း PMI™ စစ်တမ်းထုတ်ပြန်ချက်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀၁၉ ခုနှစ်အတွက် ဖော်ပြထားသည်မှာ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်မှုသည် ခိုင်မာစွာ တိုးတက်နိုင်ခဲ့သည်။ အဓိကအကြောင်းအချက် ၃ ရပ်ကိုလည်း သုံးသပ်တင်ပြထားသည်။ ၎င်းတို့မှာ-ထုတ်လုပ်မှုနှင့် အမှာစာအသစ်များသည် ခိုင်မာသည့် တိုးတက်မှုနယ်ပယ်ထဲမှာ ရှိနေခြင်း၊ သွင်းကုန်စရိတ်များ မြင့်တက်မှု နှေးလာချိန်မှာ ထုတ်ကုန်ဈေးများ ကျလာခြင်းနှင့် လုပ်ငန်းဆိုင်ရာ ယုံကြည်မှု အားနည်းလာခြင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း၌ လုပ်ကိုင်မှု အခြေအနေများမှာ ဇန်နဝါရီလတွင် တတိယမြောက်လအဖြစ် ဆက်တိုက်တိုးတက်လာခဲ့သည်။ နောက်ဆုံးရ အချက်အလက်များကို ခြုံကြည့်လျှင် အသင့်အတင့် တိုးတက်မှုကို အချက်ပြနေပြီး ထုတ်လုပ်မှုနှင့်အော်ဒါသစ်များ ဆက်တိုက် ဦးမော့နေမှုက ပံ့ပိုးပေးခဲ့ပါသည်။ အလုပ်သစ်များ အခိုင်အမာကျယ်ပြန့် မှုရှိခဲ့သော်လည်း ထုတ်လုပ်သူတို့ကြားမှာ လုပ်ငန်းဆိုင်ရာမျှော်လင့်ချက်များ စံချိန်တင်ကျနေသည်။ လက်ကျန်အလုပ်များ နည်းပါးလာသဖြင့် ထုတ်လုပ်မှုစွမ်းအားကောင်းဖို့ ဖိအားပေးခြင်း ဆက်လက်နည်းပါးနေသည်။အကျိုးရလဒ်အနေဖြင့်အလုပ်ဖန်တီးမှုနှုန်း အားပျောလာပြီၤး ဒသမဂဏန်းမျှသာ ရှိတော့သည်။ ဈေးနှုန်းများကို လေ့လာကြည့်လျှင် ယခင်ကာလတစ်လျှောက် သွင်းကုန်စရိတ်များ မြင့်တက်မှုနှုန်း နှေးလာခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှစပြီး ထုတ်ကုန်ဈေးမှား ပထမဦးဆုံးအကြိမ် ကျဆင်းလာခဲ့သည်။

နစ်ကေး (Nikkei) မြန်မာနိုင်ငံစက်မှုထုတ်လုပ်မှု ဝယ်ယူရေး မာန်နေဂျများ၏ အညွှန်းကိန်း Purchasing Managers’ Index™ (PMI™)ခေါင်းစီးဂဏန်းဖြစ်သည့် ကုန်ထုတ်လုပ်ရေး စွမ်းပကာများ ပြသပေးသည့် ပေါင်းစပ်ထားသော ကိန်းတစ်လုံးပါ အညွှန်းကိန်းမှာ – ဒီဇင်ဘာလတွင် ၅၂.၅ ရှိနေရာမှ ဇန်နဝါရီလတွင် ၅၁.၉ သို့ ကျဆင်းလာခဲ့သည် မည်သို့ပင်ဆိုစေကာမူ ခေါင်းစီးအညွှန်းကိန်း ကုန်ထုတ်လုပ်ရေးကဏ္ဍ၏အခြေအနေမှာ အသင့်အတင့်ကောင်းမွန်လာနေခြင်းကို အချက်ပြနေသည်။ယင်းမှာ လုပ်ကိုင်မှုတစ်ခုလုံးထဲတွင် တတိယမြောက်လအဖြစ် ဆက်တိုက်တိုးတက်မှုဖြစ်ပြီး ပြီးခဲ့သည့် မေလမှစ၍ ဒုတိယ အားကောင်းဆုံးဖြစ်သည်။

ကုန်စည်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဇန်နဝါရီလတွင် ထုတ်လုပ်မှုကို ဆက်လက် တိုးချဲ့နိုင်ခဲ့ကြသည်။ ထုတ်လုပ်မှု ထိုသို့အခိုင်အမာ တိုးလာခဲ့ခြင်းမှာ ယေဘုယျအားဖြင့် အော်ဒါသစ်ပမဏများ မြင့်လာခြင်းနှင့် လက်ရှိတိုးတက်မှုဖြစ်စဉ်ကိုသုံးလအထိတိုးချဲ့နိုင်ခဲ့ခြင်း၏ ကျေးဇူးကြောင့် ဖြစ်သည်။အလားတူစွာ လုပ်ငန်းသစ်များပါ အခိုင်အမာ တိုးလာခဲ့သော်လည်း ဇန်နဝါရီလမှာ တိုးတက်မှုနှုန်း အားပျော့ခဲ့ပါသည်။ ပြည်တွင်းဈေးကွက်ထဲက ဈေးဝယ်များ ဝယ်လိုအား ကျယ်ပြန့်စွာ တိုးလာခြင်းမှာ အော်ဒါသစ်များ နောက်ဆုံး ဦးမော့လာခြင်း၏ အကြောင်းရင်း ဖြစ်ပါသည်။တိုးတက်မှုနှုန်းမှာ စစ်တမ်း၏ အစဉ်အလာထက်မြင့်မားခဲ့သော်လည်း လက်ရှိသုံးလကြာ တိုးတက်မှုဖြစ်စဉ်ထဲတွင် အနှေးဆုံး ဖြစ်ပါသည်။

ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများက ဇန်နဝါရီလတွင် သွင်းကုန်စရိတ်များအနည်းငယ်တိုးလာခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ကြသည်။ ကုန်ကျမှုစရိတ် ဝန်ထုပ်များ တိုးလာခဲ့ခြင်းမှာ စစ်တမ်းသမိုင်းတစ်လျှောက်တွင် အားအပျော့ဆုံးဖြစ်ခဲ့ပြီး ပါဝင်ဖြေခဲ့ကြသူအ များအပြားတို့က ကုန်ကြမ်းပစ္စည်းများ အများအပြား ရရှိလာခြင်းနှင့် ပို့ဆောင်ခများ သက်သာလာခြင်းက သွင်းကုန်ဈေးနှုန်း ဖောင်းပွမှုကို သက်သာစေခဲ့ကြောင်း ဖေါ်ပြကြသည်။ကုန်ထုတ်လုပ်သူတို့သည် သွင်းကုန်စရိတ်များ မြင့်တက်မှုစံချိန်တင် ကျဆင်းလာခြင်းမှာ ၎င်းတို့၏ စက်ရုံရောင်းဈေးများကိုလျှော့ချပေး၍ဖြစ်ကြောင်း ပြောပြခဲ့ကြသည်။ ထုတ်ကုန်ရောင်းဈေးများမှာ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစပြီး ပထဦးဆုံးအကြိမ် အသင့်အတင့်နှုန်းဖြင့် ကျဆင်းခဲ့ပါသည်။ ယင်းမှာ ၂၀၁၈ ခုနှစ်တစ်လျှောက်လုံး မြင်တွေ့ခဲ့ရသည့် တစ်ဟုန်ထိုး မြင့်တက်လာမှုများနှင့်ဆန့်ကျင်ဖက် ဖြစ်နေပါသည်။

 လုပ်ငန်းသစ်များတွင် အခိုင်အမာ တိုးတက်မှုရှိပြီး ကုန်ကျစရိတ် ဖိအားပေးမှုများ လျော့နည်းလာခဲ့သော်လည်း မြန်မာနိုင်ငံရှိ ကုန်စည်ထုတ်လုပ်သူတို့က လာမည့်နှစ်အတွင်း ထုတ်လုပ်ရေးဆိုင်ရာ ယုံကြည်မှု အားနည်းနေကြေမင်း သုံးသပ်ခဲ့သည်။ဒီဇင်ဘာလတွင် မသိမသာမြင့်တက်လာသော်လည်း အကောင်းမြင်ခြင်းအားနည်းနေသည်။ ထုတ်လုပ်မှုတိုးတက်လာမှုသည် လုပ်ကိုင်စရာအော်ဒါသစ်များထက် ပိုအားကောင်းနေခဲ့ပေရာ လုပ်စရာ လက်ကျန်အလုပ်များ ဆက်ပြီး ကျဆင်းလာခဲ့သည်။ သုံးဆယ့်နှစ်လတိုင်တိုင် ကျဆင်းလာခဲ့သဖြင့် အရှိန်ကျခြင်း သိသာနေသည်။ သို့ဖြစ်၍ ထုတ်လုပ်သူတို့က အလုပ်အကိုင် အလုပ်ခန့်အပ်မှုနှုန်းမှာ ဒသမ ဂဏန်းမျှသာ ရှိသည်။ အချုပ်အားဖြင့် ဇန်နဝါရီလ ဒေတာမျာအရ မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းလည်ပတ်မှု အခြေအနေများ ရှေ့ဆက်တိုးတက်လာခဲ့ကြောင်း တွေ့ရသည်။

 တိုးတက်လာသည့်နှုန်းမှာ မသိမသာ အားပျော့လာခဲ့သော်လည်း ထုတ်လုပ်မှုနှင့် အမှာစာအသစ်များသည် သုံးလဆက်တိုက် တိုးလာနေခဲ့သည်။ သို့သော် ထုတ်လုပ်သူတို့သည် လုပ်ငန်းအတွက် မျှော်လင့်ချက်များ အားပျော့နေဆဲဖြစ်သည်။

နစ်ကေး (Nikkei) မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်းအညွှန်းကိန်း PMI™

Industry Reviews Read 642 times