တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း-မြန်မာနယ်စပ်က ထီးခီးဒေသမှာ KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို ကော်ရှင်အကြံပြု ချက်တွေအတိုင်း ဆောင်ရွက်ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း-မြန်မာနယ်စပ်က ထီးခီးဒေသမှာ KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ အကောင် အထည်ဖော် ဆောင်ရွက်မယ့် မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို ကော်ရှင်အကြံပြုချက်တွေအတိုင်း ဆောင်ရွက် ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
မယ့်သမီးခီး စက်မှုဇုန်စီမံကိန်း လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတိုးလွင်က သူတို့ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အကောင်အထည်ဖော်ဖို့ အတည်ပြုတာလို့ RFA ကို ပြောပါတယ်။
“မယ့်သမီးခီး စက်မှုဇုန် လေ့လာသုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါတဲ့ သုံးသပ်ချက်တွေ အကြံပြု ချက်တွေကို လွှတ်တော်ကနေ အတည်ပြုလိုက်တယ်၊ အတည်ပြုလိုက်တဲ့အတွက် ကျနော်တို့ ကော်မရှင် အစီရင်ခံစာဟာ ပြည်ထောင်စုကို တင်တော့မှာပါ၊ မယ့်သမီးခီး အစီရင်ခံစာပါ သုံးသပ်ချက်တွေ အကြံပြုချက်တွေ အတိုင်းကို လိုက်နာဆောင်ရွက်ပြီး လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့အဆင်ပြေနိုင်တာပေါနော်”
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုက ထီးခီးနယ်စပ်က ဧက ၆၅၀၀ကျော်မှာ စက်မှုဇုန်၊ အိမ်ယာစီမံကိန်းနဲ့ အကောက်ခွန်ကောက်ခံမယ့် ဂိတ်တွေကို ဆောက်လုပ်ဖို့ တိုင်းဒေသကြီးအစိုးထံ တင်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ရှိ မယ့်သမီးခီး(ထီးခီး) စက်မှုဇုန်စီမံကိန်း လေ့လာသုံးသပ်ရေးကော်မရှင်ကို ပြီးခဲ့ သည့် ဇန်နဝါရီလ ၂၄ ရက်က ကျင်းပ သည့် တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၉ ဦးနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဌ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးနဲ့ တိုင်းလွှတ်တော်ဥက္ကဌက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။
စီမံကိန်းနယ်မြေမှာရှိတဲ့ တိုင်းရင်းသားတွေကို ကြိုတင်သဘောတူညီချက်ရယူဖို့၊ ဒေသခံတွေ မြေယာပိုင်ဆိုင်ခွင့် အာမခံချက်ရှိအောင် အစိုးရနဲ့ KNU တို့ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ စီမံကိန်းအကောင်ထည်ဖော်တဲ့အဆင့်တိုင်းမှာ တည်ဆဲဥပဒေတွေအတိုင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေအတိုင်း အကောင်ထည်ဖော်ဆောင်ရွက်ဖို့ကို ကော်မရှင်က အကြံပြုထားပါတယ်။
ဒီအကြံပြုချက်အတိုင်း မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို အကောင်ထည်ဖော်ဖို့အတွက် ပြည်ထောင်စုအဆင့်မှာ ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။
KNU (ကရင်အမျိုးသားအစည်း အရုံး)က ထားဝယ်မြို့နယ် ထီးခီးဒေသ ရှိမြေဧက ၆၆၇၆ ဧကပေါ်တွင် အထွေ ထွေစက်မှု ကုန်ထုတ်လုပ်ငန်းဇုန်၊ အကောက်ခွန် အာမခံ ကုန်လှောင်ရုံ ဇုန် နှင့် စက်မှုအခြေခံမြို့တော်ဇုန် စသည့် လုပ်ငန်း ၃ ခုပါဝင်သည့် စက်မှုဇုန် တစ်ခု ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
မယ့်သမီးခီးစက်မှုဇုန်ဖော်ဆောင်မည့် Mae ThaMeeKhee Region Industrial ကုမ္ပဏီမှာ တပ်မဟာ၄ KNU (မြိတ်-ထားဝယ်ခရိုင်) ၏ စီးပွား ရေးလုပ်ဆောင်ပေးနေသည့်Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rainbow ကုမ္ပဏီပေါင်းထားခြင်းဖြစ်ပါတယ်။