မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ယခုနှစ်ခြောက်လအတွင်း မြင့်တက်လာပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်း ပျမ်းမျှ ၃ ရာခိုင်နှုန်းခန့်မြင့်တက် လာသည်။
မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ၂၀၁၈ ဇန်နဝါရီတွင် ၄ ဒသမ ၄၀ ရာခိုင်နှုန်းရှိပြီး ဖေဖော်ဝါရီတွင် ၄ ဒသမ ၁၆ ရာခိုင်နှုန်းသို့ ကျဆင်းပြီးနောက် ဇွန်လတွင် ၄ ဒသမ ၅၈ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ မြန်မာနိုင်ငံ ၏ စားသုံးသူဈေးနှုန်းနှင့် ငွေကြေး ဖောင်းပွမှု အခြေအနေ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၈ ဇန်နဝါရီ နောက်ပိုင်းတွင် ပြန်လည်ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီမှ ဇွန်လအထိ ငါးလအတွင်း ၀ ဒသမ ၄၂ ရာ ခိုင်နှုန်း မြင့်တက်လာသည်။
ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းကြောင့် ခြောက်လအတွင်း ဆန်ကြမ်းတစ်ပြည်ဈေးနှုန်း ကျပ်၁,၃၈၀ မှ ၁,၃၉၇ ကျပ်သို့ ၁ ရာခိုင်နှုန်းကျော်မြင့်တက်ပြီး ကြက်သား၊ ဝက်သား၊ ကြက်ဥ စသည်တို့ ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ မြေပဲဆီ တစ်ပိဿာဈေးနှုန်း ၅,၂၃၉ ကျပ်မှ ၅,၆၀၄ ကျပ်သို့ ၆ ရာခိုင်နှုန်းမြင့်တက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ပမှ ဝယ်ယူရသည့် ဒီဇယ်၊ ဓာတ်ဆီဈေးနှုန်းများ ခြောက်လအတွင်း တစ်ဂါလန် ၈ ရာခိုင်နှုန်းခန့် မြင့်တက်လာ ကြောင်း မြန်မာနိုင်ငံ၏ စားသုံးသူ ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
‘‘ဒီနှစ်ထဲမှာ ပြည်တွင်းစား တဲ့ ဆန်တွေက ဈေးတောက် လျှောက်တက်တယ်’’ ဟု ဘုရင့် နောင်ဆန်ကုန်စည်ဒိုင်မှ အတွင်း ရေးမှူး ဦးသန်းဦးက ပြောသည်။
ပြည်တွင်းစားသုံးသည့် ဆန် ချောဈေးနှုန်းသည် ၂၀၁၈ နှစ်စမှ ဇွန်လအထိ တစ်အိတ်လျှင် ပျမ်း မျှ ကျပ် ၅,၀၀၀ ခန့် မြင့်တက်ပြီး ဇွန်လနှောင်းပိုင်းတွင် ပိုမိုမြင့် တက်ကြောင်း ပြည်တွင်းဆန်ကုန် သည်အချို့က ပြောသည်။ ပြည် တွင်းစားသုံးသည့် ဆန်ကြမ်းဈေး နှုန်း တစ်အိတ်လျှင်ကျပ် ၃,၀၀၀ မှ ၄,၀၀၀ အကြားမြင့်တက်သည်။
Seven day