လေးလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းတိုးလာ


04 June, 2018

မြန်မ့ာစက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်မှုနှုန်းလျှောဆင်းသွားပြီး ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုနှုန်း လေးလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မှု အားပျော့လာကြောင်း ၂၀၁၈ ခုနှစ် မေလအတွက်ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်းများအရသိရပါသည်။

မေလစစ်တမ်းများအရ မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် တိုးတက်မှုအရှိန်ကျဆင်းလာမှုကို အချက်ပြနေပြီး သုံးလအတွက် အားအပျော့ဆုံးဖြစ်ခဲ့ကြောင်း သိရပါသည်။

ထုတ်လုပ်မှုနှင့် အော်ဒါသစ်များဦးမော့လာမှုမှာ တိုးတက်မှုနှုန်းအမြင့်ပိုင်းတွင်ရှိသော်လည်း အားပျော့လာခဲ့ကြောင်း၊ လက်ကျန်အလုပ်များသည်လည်း သိသာသောအရှိန်ဖြင့် ကျဆင်းလာခဲ့ပြီး အလုပ်နေရာတိုးတက်ခန့်ထားမှုမှာ လွန်ခဲ့သည့် နိုဝင်ဘာမှစ၍ အနှေးဆုံးသို့ အားပျော့သွားခဲ့ကြောင်းသိရသည်။

ထိုအတောအတွင်း ထည့်သွင်းကုန်ဈေးနှုန်းဖောင်းပွမှုသည် အရှိန်ရလာပြီး ကုန်ကျစရိတ်များမှာ လေးလအတွင်းအမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထည့်သွင်းကုန်များအတွက် ဝယ်လိုအားကောင်းလာခြင်းနှင့် အရင်းအမြစ်များရှားပါးလာမှုက ကုန်ကျစရိတ်များ သိသာစွာမြင့်တက်လာမှု၏ နောက်ခံအကြောင်းရင်းများဖြစ်ပြီး ထည့်သွင်းကုန်ဈေးနှုန်းများဖောင်းပွမှုမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း သိရပါသည်။

ရောင်းကုန်ဈေးနှုန်းများသည် စစ်တမ်း၏အလားအလာထက် ပိုမြင့်သည့်နှုန်းဖြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် လေးလအတွင်းအမြင့်ဆုံးသို့မြင့်တက်သွားပြီး အဓိကအားဖြင့် ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာမှုကို ဖောက်သည်များထံသို့လွှဲချမှုနှင့် ဆက်စပ်နေပြီး ကုန်ကြမ်းပစ္စည်းများရှားပါးလာမှုကြောင့် ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လမှစပြီး ပူးတွဲအကြာရှည်ဆုံးဖြစ်လာကြောင်း သိရပါသည်။

ထို့အတူ ထူတ်လုပ်ရေးတိုးတက်မှု နှေးလာသည်နှင့်အမျှ အလုပ်နေရာတိုးခန့်မှုလည်း အနည်းငယ်အားပျော့လာပြီး အလုပ်သစ်နေရာဖန်တီးပေးနိုင်နှုန်းသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှစပြီး အနှေးဆုံးဖြစ်ခဲ့ကြောင်း သိရပါသည်။

  Daily Eleven

Local News Read 2454 times