ဒေါက်တာမိမိအောင်နှင့် အဖွဲ့၏ Ingenuity ရဟတ်ယာဉ် အင်္ဂါဂြိုဟ်သို့ ခရီးနှင်


01 August, 2020

Ingenuity ရဟတ်ယာဉ်ကို အင်္ဂါဂြိုဟ်လေ့လာရေးအတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး ရိုဘော့တစ် ရဟတ်ယာဉ်အမျိုးအစားဖြစ်ပါတယ်။ Mars 2020 mission ရဲ့ အပိုင်းတစ်ခုအဖြစ် ၂၀၂၁ ခုနှစ်မှာ နေရာချပေးမှာ ဖြစ်ပါတယ်၊ အသေးစား ဒရုန်း ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် အနီးကပ် ပျံသန်းမှာ ဖြစ်ပြီး ၃ မီတာနဲ့ ၁၀ မီတာကြား အမြင့်မှာ ပျံသန်းမှာ ဖြစ်ပါတယ်။ 

Ingenuity ရဟတ််ယာဉ် စီမံကိန်းကို ဦးဆောင်သူက ဒေါက်တာမိမိအောင် ဖြစ်ပါတယ်။

MiMi Aung.jpg

ဒေါက်တာမိမိအောင်ဟာ ငယ်စဉ်ကတည်းက အာကာသသိပ္ပံကို စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ တက္ကသိုလ်ပညာကို University of Illinois မှာ ဆည်းပူးခဲ့ပြီး သာသာရပ်က electronic engineering ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ဒေါက်တာဘွဲ့ ရရှိခဲ့ပါတယ်။

Ingenuity ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ

Cape Canaveral လေတပ်စခန်းမှ အာကာသထဲသို့ လွှတ်တင်ခဲ့ပြီး အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

Global News Read 660 times