၂၀၁၇ ဧပြီလမှ ၂၀၁၈ မတ်လအထိ ဆိပ်ကမ်းများမှ စက်သုံးဆီတင်သွင်းမှု အခြေအနေ


23 July, 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်ဆိပ်ကမ်းများမှ လေယာဉ်ဆီတန်ချိန် တစ်သိန်းလေးသောင်းကျော် တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် လေယာဉ်ဆီတင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရပါသည်။

ရန်ကုန်ဆိပ်ကမ်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ အပါအဝင် စုစုပေါင်း စက်သုံးဆီတန်ချိန် ငါးသန်းကျော်အား သင်္ဘောစင်းရေ ၄၂၄ စင်းဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လေယာဉ်ဆီ တန်ချိန် ၁၄၂၈၄၂ တန် တင်သွင်းခဲ့၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လေယာဉ်ဆီတန်ချိန် ၁၆၂၁၂၂ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လေယာဉ်ဆီ တင်သွင်းမှုမှာ ယမန်နှစ်ထက် လျော့နည်းခဲ့သော်လည်း ဓာတ်ဆီနှင့် ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီတင်သွင်းမှု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သည် ယခင်နှစ်ထက် မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်ဆိပ်ကမ်းများဖြစ်သော သီလဝါနှင့် ကုန်းတွင်းဆိပ်ကမ်းများသို့ စက်သုံးဆီတင်သင်္ဘော ၄၂၄ စင်းဖြင့် ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီအပါအဝင် စက်သုံးဆီတန်ချိန် ၅၆၄၂၀၂၂ တန် တင်သွင်းခဲ့သည်။

စက်သုံးဆီ တင်သွင်းမှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သင်္ဘောအစင်းရေ ၄၆၈ စင်းဖြင့် စက်သုံးဆီတန်ချိန် ၅၄၄၂၉၀၉ သန်းကို ရန်ကုန်ဆိပ်ကမ်းများမှ တင်သွင်းခဲ့သည်၊ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စက်သုံးဆီ တန်ချိန် နှစ်သိန်းကျော် ပိုမိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ဧပြီလတွင် သင်္ဘောအစင်းရေ ၂၉ စင်းဖြင့် ၃၄၉၂၄၄ တန်၊ မေလတွင် သင်္ဘောစင်းရေ ၄၃ စင်းဖြင့် ၅၂၇၀၁၀ တန်၊ ဇွန်လတွင် သင်္ဘောအစင်းရေ ၃၇ စင်းဖြင့် ၄၃၅၅၆၇ တန်၊ ဇူလိုင်တွင် သင်္ဘောအစင်းရေ ၃၃ စင်းဖြင့် ၄၃၆၁၇၂ တန်၊ သြဂုတ်လတွင် သင်္ဘောအစင်းရေ ၂၀ ဖြင့် ၂၄၉၄၂၁ တန်၊ စက်တင်ဘာလတွင် သင်္ဘောအစင်းရေ ၂၇ စင်းဖြင့် ၃၃၁၂၅၀ တန်၊ အောက်တိုဘာလတွင် သင်္ဘောအစင်းရေ ၃၅ စင်းဖြင့် ၅၁၀၇၃၆ တန်၊ နိုဝင်ဘာလတွင် သင်္ဘောအစင်းရေ ၃၃ စင်းဖြင့် ၄၆၉၇၃၇ တန်၊ ဒီဇင်ဘာလတွင် သင်္ဘောအစင်းရေ ၄၃ စင်းဖြင့် ၅၈၈၁၆၆ တန်၊ ၂၀၁၈ ဇန်နဝါရီတွင် သင်္ဘောအစင်းရေ ၄၃ စင်းဖြင့် ၆၁၆၀၇၆ တန်၊ ဖေဖော်ဝါရီလတွင် ၅၆၇၁၉၅ တန်နှင့် မတ်လတွင် သင်္ဘောအစင်းရေ ၄၁ စင်းဖြင့် ၅၆၁၄၄၈ တန် စုစုပေါင်း စက်သုံးဆီ တန်ချိန် ၅၆၄၂၀၂၂ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘောများ အများဆုံးဆိုက်ကပ်သည့် စက်သုံးဆီတင်ချ ဆိပ်ခံတံတားမှာ မြတ်မေတ္တာမွန်၊ MPE ၊ APEX ၊ PUMA ၊ Green Asia ၊ OEA/NEA ဆိပ်ကမ်းများဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေစူးအနက် ကိုးမီတာရှိ သင်္ဘောကြီးများ ဝင်ထွက်နိုင်ရန် ခွင့်ပြုထားသော်လည်း ရေလမ်းကြောင်း တဖြည်းဖြည်း တိမ်ကောလာမှုကြောင့် ဒီရေတက်ချိန်ကို စောင့်ပြီး ဝင်ထွက်သွားလာနေရကြောင်း သိရသည်။

ရန်ကူန်မြစ်ကြောင်းအတွင်း နေ့စဉ် သင်္ဘောဝင်ရောက်မှု အစင်းရေ ၂၅၀ မှ ၃၀၀ အကြားတွင်ရှိနေသောကြောင့် ရေစူးအနက် ကိုးမီတာရှိ သင်္ဘောကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် သဲသောင်တူးခြင်း လုပ်ငန်းဆောင်ရွက်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တင်ဒါခေါ်ထားပြီး ၅ နှစ်သက်တမ်း စာချုပ်ဖြင့် သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

Eleven

Local News Read 714 times