နိုင်ငံတကာ ဆန်အဝယ်ကျ၍ ဆန်တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၁၇၀ ကျော် လျော့နည်း


22 December, 2018

တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ဆန်ဝယ်လိုအားကျ ဆင်းမှုကြောင့် ယခုနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၁၇၀ ကျော်လျော့နည်းသွားသည်။

ဘင်္ဂလားဒေရှ့်၊ သီရိလင်္ကာ စသောနိုင်ငံများမှ ဆန်ဝယ်ယူမှု လျော့နည်းသွားခြင်း၊ နယ်စပ်ကုန် သွယ်ရေးဖြင့်တရုတ်နိုင်ငံသို့တင် ပို့မှုလျော့ကျခြင်းတို့က ယခုနှစ် ဧပြီမှ နိုဝင်ဘာလကုန်အထိ ရှစ် လအတွင်း ပြည်ပဆန်တင်ပို့မှု တန်ချိန် ခုနစ်သိန်းကျော် လျော့ နည်းသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးကပြောသည်။

 ပြည်ပဆန်တင်ပို့မှုလျော့ နည်းခြင်းကြောင့် ဝင်ငွေပမာဏ မှာ ယခုနှစ် ရှစ်လအတွင်း ကန် ဒေါ်လာ သန်း ၄၉၀ ကျော်ရရှိခဲ့ သည်။၂၀၁၇ ဧပြီမှ နိုဝင်ဘာလ ကုန်အထိ ပြည်ပဆန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၆၇၀ ခန့်ရရှိ ခဲ့သည်။၂၀၁၈ ဧပြီမှ ၂၀၁၉ မတ်လ အထိ တစ်နှစ်အတွင်းမြန်မာနိုင်ငံ မှ ပြည်ပဆန်တင်ပို့မှု တန်ချိန်၂ ဒသမ ၅ သန်းခန့် ရှိမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး က ခန့်မှန်းသည်။ ၂၀၁၇ ဧပြီမှ ၂၀၁၈ မတ်လအထိပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံမှ ပြည်ပဆန် တင်ပို့မှု တန်ချိန် ၃ ဒသမ ၆ သန်းကျော်ရှိခဲ့ပြီး သမိုင်းတစ် လျှောက်စံချိန်တင် ပြည်ပတင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ရောင်းတဲ့လူက အတင်း လိုက်ရောင်းနေရတယ်။ တော် တော်ကို အောက်ကျနောက်ကျ နိုင်တယ်’’ ဟု ပြည်ပဆန်တင် ပို့မှုလျော့ကျခြင်းနှင့် ပတ်သက်၍ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်၏ အတွင်းရေးမှူးဦးသန်းဦးက ပြော သည်။မြန်မာနိုင်ငံ၏ ဆန်ဈေး ကွက်ကြီးတစ်ခုဖြစ်သော ဘုရင့် နောင်ကုန်စည်ဒိုင်တွင် ၂၀၁၇ နှစ် ကုန်ပိုင်းက ပြည်ပတင်ပို့ရန် ဝယ် လိုအား မြင့်တက်ခြင်းကြောင့် ဆန်ကြမ်းဈေး ဆက်တိုက်မြင့် တက်ခဲ့ပြီး ဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား ကပိုများခဲ့သည်ဟု ဦးသန်းဦးက ဆိုသည်။

‘‘ပြည်ပပို့မယ့်သူတွေ ဈေး လျှော့ပြီးဝယ်တာကြောင့် ဆန် ကြမ်းဈေးကလည်းကျနေတယ်’’ ဟု ဦးသန်းဦးက လက်ရှိဘုရင့် နောင်ဆန်ဈေးကွက်တွင် ကြုံ့ တွေ့နေရသည့် အခြေအနေကို ပြောသည်။ဘုရင့်နောင် ဆန်ဈေးကွက်တွင် ပြည်ပတင်ပို့မည့် ၂၅ မှတ်ဆန်အမျိုးအစား ဆန်ကြမ်းတစ်အိတ် ဈေးနှုန်း ကျပ် ၁၉,၀၀၀ မှ ကျပ် ၁၈,၆၀၀ အကြား ဈေးဖွင့်သည်ဟု ၎င်းက ပြော သည်။ပြည်ပတင်ပို့မည့် ဆန်ကြမ်း ဈေးကျဆင်းသော်လည်း လက်ရှိ အချိန်အထိ စပါးဈေး တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းခြောက်သောင်း ဝန်းကျင်တွင် ရှိနေသည်။

7 days new

Export, Import Read 1892 times