၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၂၃၀၆ ဘီလျံကျော်ရှိ


19 October, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၂၃၀၆ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် မြန်မာနိုင်ငံသားများက ကျပ် ၂၂၃၀၆၂၂၃ ဒသမ ၃၄၇ သန်း (ကျပ် ၂၂၃၀၆ ဘီလျံကျော်) ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၄၈၈၄ ဒသမ  ၉၆၄ ဘီလျံ (လုပ်ငန်း ၉၈ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၄၉၃၅ ဒသမ ၈၇၈ ဘီလျံ (လုပ်ငန်း ၉၇၂ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၂၈၀၂  ဒသမ ၇၇၄ ဘီလျံ (လုပ်ငန်း ၅၄ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၂၃၆၇ ဒသမ ၀၇၀ ဘီလျံ (လုပ်ငန်း ၂၀၉ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၈၉၆ ဒသမ ၁၆၄ ဘီလျံ (လုပ်ငန်း ၂၆ ခု) တို့ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၉၇ ဒသမ ၇၁၀ ဘီလျံ (လုပ်ငန်း ၁၂ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၄၀၉ ဒသမ ၁၁၄ ဘီလျံ (လုပ်ငန်း ၉၈ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၅၅ ဒသမ ၈၆၂ ဘီလျံ (လုပ်ငန်းအရေအတွက် ၆၈)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၂၁၂ ဒသမ ၃၈၉ ဘီလျံ (လုပ်ငန်း ၇၂ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၉၁ ဒသမ ၅၅၀ ဘီလျံ (လုပ်ငန်း ၂၁ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်းနှစ်ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၃၆၃၆ ဒသမ ၉၀၂  ဘီလျံ (လုပ်ငန်း ၁၉၄ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ ရင်းနှီးမြှုပ်နှံထားသော ၂၂၃၀၆ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံထားသည့် ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍ၌ ၂၁ ဒသမ ရာခိုင်နှုန်း ၉၀ ၊ အခြားကဏ္ဍတွွင် ၁၆ ဒသမ ၃၀ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၂၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၌ ၁၂ ဒသမ  ၅၆ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၆၁ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၀၂ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ၄ ဒသမ ၀၃ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁ ဒသမ ၈၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍ၌ ၅ ဒသမ ၁၈ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် သုည ဒသမ ၉၅ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍ၌ သုည ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် သုည ဒသမ ၀၆ ရာခိုင်နှုန်းတို့ဖြစ်သည်။

နှစ်အလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုပမာဏများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ခုနှစ် ဧပြီမှ ၂၀၁၉ စက်တင်ဘာ (ဘတ်ဂျက်ကြားကာလ) တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်း ရှိသည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်းအပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက်ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်း အပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုမှုဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်းဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့်ပြုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံခွင့်ပြုခဲ့သည်။

 

news-eleven.com

Investment/Divestment Read 274 times