ရန်ကုန်တိုင်းဒေသကြီးအတွင်း လာရောက်မှတ်ပုံတင်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီအရေအတွက်သည် မြန်မာနိုင်ငံအတွင်းသို့လာရောက်မှတ်ပုံတင်သော ကုမ္ပဏီအရေအတွက်၏ ရာခိုင်နှုန်း ၇၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံတွင်လာရောက်မှတ်ပုံတင်သော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီစုစုပေါင်း ၆၄၅၁၇ ရှိကြောင်း သိရပါသည်။
၎င်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ လာရောက်မှတ်ပုံတင်သော ရင်းနှီးမြှုပ်နှံ၏ ရာခိုင်နှုန်း ၇၀ ခန့်ရှိကြောင်း သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ကုမ္ပဏီများမှတ်ပုံတင်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ငါးနှစ်အတွင်းလာရောက်မှတ်ပုံတင်မှု အများဆုံးဖြစ်ကြောင်း သိရပါသည်။
အဆိုပါငါးနှစ်အတွင်း ကုမ္ပဏီများလာရောက်မှုမှတ်ပုံတင်သော အရေအတွက် ၂၃,၀၄၀ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းလာရောက်မှတ်ပုံတင်သည့် အရေအတွက်၏ ထက်ဝက်ကျော်ပမာဏရှိကြောင်း သိရပါသည်။
လက်ရှိတွင် ကုမ္ပဏီများမှတ်ပုံတင်ခြင်းကို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစနစ်ကို စတင်ကျင့်သုံးသည့် အချိန်တွင် ပြည်တွင်းပြည်ပကုမ္ပဏီများအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာအထိ မှတ်ပုံတင်ပြီး ကုမ္ပဏီများသည် မြန်မာနိုင်ငံသားကုမ္ပဏီ ၅၂၀၀၀ ကျော်၊ အစုအစပ်လုပ်ငန်းကုမ္ပဏီပေါင်း ၁၀၀၀ ကျော်၊ နိုင်ငံခြား ကုမ္ပဏီရုံးခွဲပေါင်း ၅၈၀၀ ကျော်နှင့် ဖက်စပ်လုပ်ငန်းကုမ္ပဏီပေါင်းး ၇၀ ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသောစာရင်းများအရသိရပါသည်။
Daily Eleven