အသုံးပြုသူများဘေးကင်းလုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှစ်ဆတိုးမည့် Grab


30 October, 2018

Grab အသုံးပြုသူများ ဘေးကင်းလုံခြုံရေးအတွက် "နေ့စဉ် ပိုမိုဘေးကင်းလုံခြုံရေးနည်းပညာလုပ်ငန်းစဉ်" ကို Grab က မိတ်ဆက်လိုက်ပြီးသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံရေးစံနှုန်းများကို မြှင့်တင်နိုင်ရန်၊ app ကို ပိုမိုကောင်းမွန်ရန်၊ ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆတိုး၍ ပြင်ဆင်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

သုံးစွဲသူများကို လုံခြူံရေးဆိုင်ရာအလေ့အကျင့်ကောင်းများရစေပြီး ရေရှည်တွင် ယာဉ်လမ်းကြောဆိုင်ရာအပြုအမူများ ပြောင်းလဲလာခြင်းဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း လျှော့ချနိုင်ရန် အဓိကထားစီမံဆောင်ရွက်သွားမည်ဟု သိရပါတယ်။

ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားနေသော ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးသည့် ပမာဏစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှတွင်ဖြစ်နေပြီး အချိုးအစားမမျှတစွာ များပြားနေသည့်အတွက် Grab က မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး Grab ၏ နှစ်ဘီးတပ်၊ သုံးဘီးတပ် မော်တော်ယာဉ်မောင်းနှင်နေသော မိတ်ဖက်ယာဉ်မောင်းများအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဆွေးနွေးပွဲများကို ပြုလုပ်သွားခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အခြေခံဗဟုတုသများနှင့် ယာဉ်မတော်တဆမှုများမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရန်နှင့် လျော့ချပေးနိုင်ရန်၊ ယာဉ်တိုက်မှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့် မောင်းနှင်မှုစွမ်းရည်များ၊ ယာဉ်မောင်းများအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားခဲ့ကြောင်း သိရပါတယ်။

Grab ၏ နေ့စဉ် ပိုမိုဘေးကင်းလုံခြုံရေးသည် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စီမံကိန်းတစ်ခုဖြစ်ပြီး Grab လုပ်ကိုင်လျက်ရှိသော နိုင်ငံပေါင်း ၈ နိုင်ငံတွင် ဒေသတွင်းလုံခြုံရေးလုပ်ဆောင်ချက်များကို စတင်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

pyimyanmar

Global News Read 479 times