ရင်းနှီးမြုပ်နှံသူများ ဒေါ်လာဈေးတက်ခြင်း ပြီးဆုံးသဖြင့် ထွန်းသစ်စဈေးကွက်များသို့ ရွှေ့ပြောင်း


08 December, 2022

ရင်းနှီးမြုပ်နှံသူများ ဒေါ်လာဈေးတက်ခြင်း ပြီးဆုံးသဖြင့် ထွန်းသစ်စဈေးကွက်များသို့ ရွှေ့ပြောင်း

ဆယ်စုနှစ် အတန်ကြာအတွင်း အမြင့်မားဆုံး အထွတ်အထိပ်သို့ ရောက်ခဲ့သော ကန်ဒေါ်လာ ပြန်လည်ကျဆင်းသဖြင့် အချို့ရင်းနှီးမြှုပ်နှံသူတို့သည် ထွန်းသစ်စဈေးကွက် ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုကြသည်။

MSCI International Emerging Market Currency Index နိမ့်ကျနေခဲ့ရာမှ ၅% မြင့်တက်သွားသည်ကို နိုဝင်ဘာလတွင် တွေ့ကြရသည်။ ၇ နှစ်တာအတွင်း အမျာဆုံး တိုးသည့် ရာခိုင်နှုန်း စံချိန်သစ် ဖြစ်သည်။ 
အမေရိကန်ဗဟိုဘဏ် Federal Reserve က အတိုးနှုန်းမြှင်တင်ပေးနေသည်ကို နှေးတော့မည်ဟု အများက မျှော်လင့်ထားကြသည်။ အမေရိကန်ဗဟိုဘဏ်သည် ယခင်ကအတိုးနှုန်းကို ဒသမ ၇၅ ရာခိုင်နှုန်း ဆက်တိုက်တိုးခဲ့သည်။ လာမည့်အကြိမ်တွင် ဒသမ ၅၀ သာ တိုးလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
သို့ဖြစ်ရာ ကန်ဒေါ်လာ ဆက်မာနေတော့မည် မဟုတ်သဖြင့် ရင်းနှီးမြှုပ်နှံသူတို့က ထွန်းသစ်စနိုင်ငံများ၏ နိုင်ငံသုံးငွေတွင် ရင်းနှီးမြှုပ်နှံနေကြသည်။ 

 ယခုနှစ်တွင် ပေါ်ထွန်းစဈေးကွက် ငွေကြေးများက ဖွံ့ဖြိုးပြီးဈေးကွက် ငွေကြေးများထက် စွမ်းဆောင်ရည် ပိုကောင်းနေခဲ့သည်။
အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင်တင်ပေးနေသည်ကို ညင်သာဖွယ် ရှိခြင်း၊ တရုတ်ပြည်တွင် ကိုဗစ်မူဝါဒ ဖြေလျော့ခြင်းတို့က ထွန်းသစ်စဈေးကွက် ငွေကြေးများကို ပိုမိုခိုင်မာစေသည်။
 ‌ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် အာရှငွေကြေးများ တန်ဖိုးတက်လာသည်။ ထိုင်းဘတ်သည် နိုဝင်ဘာလတွင် ၈% မြင့်တက်ခဲ့သည်။ မလေးရှားရင်းဂစ်သည် ၆% မြင့်တက်ခဲ့ပါသည်။
 Source Bangkokpost 
 

Banking & Loan Investment/Divestment Read 654 times