ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအတွက် အသင်းဝင်ကုမ္ပဏီများ ဖိတ်ခေါ်


14 March, 2019

အစိုးရချင်းချိတ်ဆက်ဆောင်ရွက်တဲ့ ( G to G ) စနစ်အရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စီစဉ်မှုဖြင့် ပြည်ပကို ဆန်နဲ့ ဆန်ကွဲ စုပေါင်းရောင်းချတင်ပို့ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုတဲ့ အသင်းဝင်ကုမ္ပဏီများကို မတ်လ ၁၃ ရက်နေ့မှ စတင်ဖိတ်ခေါ်ထားပါတယ်။

ပူးပေါင်းဆောင်ရွက်လိုတဲ့ အသင်းဝင်ကုမ္ပဏီများဟာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်အကြောင်းကြားရန်နဲ့ အသင်းချုပ် facebook page မှာဖော်ပြထားတဲ့ ကုမ္ပဏီ Letter Head ကိုဖြည့်စွက်၍ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြလျှောက်ထားနိုင်ပါတယ်။

အသင်းချုပ်က ဖော်ပြထားတဲ့ ကုမ္ပဏီ Letter Head  မှာ နှစ်စဉ်ဆန်နဲ့ ဆန်ကွဲတင်ပို့တဲ့ ပမာဏ၊ ကုမ္ပဏီရဲ့ ဆန်သိုလှောင်ရုံများ အကျယ်အဝန်း၊ တင်ပို့တဲ့ ဆန်အမျိုးအစား၊ လယ်သမားနှင့် အကျိုးတူ လယ်ယာလုပ်ငန်း၊ စုစုပေါင်းစိုက်ဧက၊ ဆန်စက်တစ်နေ့ ထုတ်လုပ်နိုင်မှုများကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။

အသင်းချုပ်ကသတ်မှတ်ထားတဲ့အတိုင်း စာရင်းပေးသွင်း အဆိုပြုထားတဲ့ ကုမ္ပဏီများကို ဖိတ်ခေါ်၍ ပို့ကုန်တင်ပို့မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကူညီစီစဉ်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တင်ပို့ရာမှာ ပင်လယ်ရေကြောင်းမှ သဘောၤဖြင့် အာဖရိက၊ ဥရောပနိုင်ငံများသို့လည်းကောင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေပါတယ်။

The Voice

Export, Import Read 1430 times