နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်


15 November, 2018

အရှေ့တောင်အာရှတွင် စီးပွားရေး အလားအလာ ကောင်းများရှိသော နောက်ဆုံး ဈေးကွက် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ ခြားစီးပွားရေး လုပ်ငန်းများကို တိုက်တွန်းပြောကြားခဲ့ပြီး မိမိတို့ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူ များအတွက် ပိုမိုဆွဲဆောင်မှုရှိ သော စီးပွားရေးပတ်ဝန်းကျင် ကောင်းဖြစ်လာစေရန် ကြိုးပမ်း အားထုတ်နေသည်ဟုလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး နှင့် ဆက်စပ်စီးပွားရေးကဏ္ဍများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ များအပါအဝင် ကဏ္ဍအများအ ပြားတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အ လမ်းများရှိသည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

‘‘ကျွန်မတို့မှာ မြေနေရာတွေ ရှိပါတယ်။ လူငယ်လုပ်သားထုရှိ ပါတယ်။ စူးစမ်းရှာဖွေမှု မလုပ်ရ သေးတဲ့ အရင်းအမြစ်တွေ အများကြီးရှိပါတယ်’’ဟု ၎င်းက ပြောသည်။‘‘စီးပွားရေးအခွင့်အလမ်း တွေ ရှာဖွေတာဟာ စိတ်လှုပ်ရှား စရာကောင်းတယ်။ ဆွဲဆောင်မှု ရှိတယ်။ ဒီလိုစူးစမ်းရှာဖွေမှုတွေ က ကျွန်မတို့နိုင်ငံကိုလည်း ဖွံ့ဖြိုး တိုးတက်စေနိုင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်ကဒေသ ဆိုင်ရာ မူဝါဒချမှတ်သူများနှင့် စီးပွားရေးခေါင်းဆောင် ၁,၀၀၀ ကျော်အား ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံ ထိပ်သီးဆွေးနွေး ပွဲပြင်ပတွင် ကျင်းပနေသော အာ ဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (ABIS 2018) ၌ ပြောကြားသော မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။အဆိုပါ နှစ်ရက်ကြာ ကွန်ဖ ရင့်ကို အာဆီယံစီးပွားရေးအကြံ ပေးကောင်စီက ဦးဆောင်ကျင်းပ ခြင်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ လွတ်လပ်ရေးရခါစတွင် မိမိတို့အနေဖြင့် အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို အမီလိုက်ရမည်ဖြစ်ကြောင်း ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။

‘စင်ကာပူဟာ ကျွန်မတို့ရှေ့ အများကြီးရောက်နေပါပြီ။စင်ကာပူကို အမီလိုက်ဖို့ ကျွန်မတို့ နှစ်ပေါင်း ၂၀ စောင့်မနေသင့်ပါဘူး။ စင်ကာပူနဲ့ လိုက်မီဖို့ ရှင်တို့က အကူအညီပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကျန်ကမ္ဘာ့နိုင်ငံများကိုအမီလိုက်ရန်၊ စင်ကာပူကို အမီလိုက်ရန် မိမိတို့အနေဖြင့် အပြေးလိုက် ရမည်ကို သိရှိပါကြောင်း ၎င်းက ပြောသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး၊ ပြုပြင်ပြောင်း လဲရေး၊ အစိုးရထူထောင်ရေး သည် ဒေါ်အောင်ဆန်းစုကြည်၏ ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လအတွင်းကလည်း စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားမှုဖြင့် လေးရက်ကြာ အလုပ်သဘောအလည်အပတ် ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။

စင်ကာပူ နှင့် မြန်မာနိုင်ငံ ကြား စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု ဆက်လက်တိုးတက်နေပြီး စင်ကာပူသည် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအကြီးမားဆုံး ဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။

7Day

Investment/Divestment Read 2082 times