အမေရိကန်က အီရန်ရေနံနှင့် ပတ်သက်နေသည့် ကုမ္ပဏီများကို အမည်းစာရင်းသွင်း


30 September, 2022

အမေရိကန်က အီရန်ရေနံနှင့် ပတ်သက်နေသည့် ကုမ္ပဏီများကို အမည်းစာရင်းသွင်း

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

အမေရိကန်က ပိတ်ဆို့အရေးယူထားသော အီရန် ရေနံဓာတုနှင့် ရေနံကုန်သွယ်မှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ကုမ္ပဏီများကို စက်တင်ဘာ ၂၉ ရက်တွင် အမည်းစာရင်း သွင်းခံရပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၊ ဟောင်ကောင်၊ အိန္ဒိယ၊ တရုတ်၊ အီရန်တို့မှ ကုမ္ပဏီများ ပါဝင်ပါတယ်။


စွပ်စွဲချက်များမှာ -

တရုတ်အခြေစိုက် Zhonggu Storage and Transportation Co Ltd သည် အီရန်ရေနံအတွက် ရေနံစိမ်းသိုလှောင်‌ေရး လုပ်ကိုင် လည်ပတ်နေသည်။

တရုတ်အခြေစိုက် WS Shipping Co Ltd သည် အီရန်ရေနံထွက်ကုန်များ ပို့ဆောင်ပေး‌ေနသည့် သင်္ဘောများကို စီမံခန့်ခွဲသည်။ 

ယခင်ကတည်းက အမေရိကန်က အမည်းစာရင်း သွင်းထားတဲ့ ဟောင်ကောင်အခြေစိုက် Triliance Petrochemical Co Ltd ပွဲစားလုပ်ပေးတဲ့ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ထုတ်ကုန်များကို အိန္ဒိယအခြေစိုက် ရေနံဓာတုကုမ္ပဏီ Tibalaji Petrochem Pte Ltd က တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဝယ်ယူခဲ့ပါတယ်။

အီရန်ရေနံဓာတုနှင့် ရေနံထွက်ပစ္စည်းများ အရှေ့အာရှသို့ တင်ပို့ခြင်းအတွက် ရှေ့ထွက်ပြီး လုပ်ကိုင်ရန် UAE အခြေစိုက် Clara Shipping LLC ကို Triliance မှ ဒေါ်လာသန်းပေါင်းများစွာပေးပြီး စေခိုင်းပါတယ်။

အီရန်အခြေစိုက် Iran Chemical Industries Investment Co နှင့် Middle East Kimiya Pars Co ၊ ဟောင်ကောင်အခြေစိုက် Sierra Vista Trading Ltd ၊ UAE အခြေစိုက် Virgo Marine တို့က Triliance နှင့် လုပ်ကိုင်နေကြပါတယ်။

ဟောင်ကောင်အခြေစိုက် Sophychem HK Limited နှင့် ML Holding Group Limited တို့သည် တရုတ်နှင့် စင်ကာပူသို့ တင်ပို့ရန်အတွက် အီရန်ရေနံဓာတုပစ္စည်းများကို ဝယ်ယူကြသည်။
Source: Reuters
#IndustriesGuide

 

Energy News Read 414 times