ဆီသယ်ယာဉ်ဖြင့် အပြန််ကုန်သွယ်ယူ ခွင့်မပြုတော့သဖြင့် အထက်မြန်မာနိုင်ငံ မြို့များတွင် စက်သုံးဆီစျေး ထပ်မံမြင့်တတ်လာမည်ဟု မန္တလေးမြို့ အခြေစိုက် စက်သုံး ဆီဖြန့်ဖြူးရေး လုပ်ငန်းရှင်များထံမှ သိရပါသည်။
ဆီသယ်ယာဉ်တွဲများ အနေဖြင့် အထက်မြန်မာနိုင်ငံရှိ မြို့များသို့ စက်သုံးဆီများကို ရေလမ်းခရီးဖြင့် တင်ပို့ပေးပြီး အပြန်စုန်ဆင်းရာတွင် ခါလီအလွတ်မပြန်ဘဲ တွက်ခြေကိုက်ရန် လမ်းခင်းကျောက်၊ဘိလပ်မြေ၊သံလုံး စသော ကုန်ပစ္စည်းများကိုအပြန်ကုန်အဖြစ်ပြန်တင်ဆောင်ခွင့်မပြုတော့၍ တန်ဆောင်ခ ပိုတောင်းလာကြသည်။
ထိုသတင်းဖော်ပြချက်အရ ကုန်စျေးနှုန်းပြောင်းလဲမြင့်တတ်ရာတွင် သယ်ယူပို့ဆောင်ခနှုန်းထားများမှာ အဓိကနေရာတွင်ပါ၀င်နေသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းသဘာဝအရ ၎င်းဖြစ်စဉ်သဘောတရားမှာမမှန်ကန်ဟု မြန်မာနိုင်ငံ၊အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းတွင် နှစ်အတန်ကြာ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သော လူတစ်ဦးကပြောသည်။
ကုန်စျေးနှုန်းပြောင်းလဲခြင်းသည် သယ်ယူပို့ဆောင်ခအပေါ် အဓိကမူတည်ခြင်းမဟုတ်သည်ကို ယခုလပိုင်း ရန်ကုန် ကုန်စည်စျေးကွက်၌် ကြုံတွေ့နေရသော ကြက်သွန်နီစျေးကွက်တွင် ထင်ရှားစွာ မြင်တွေ့နိုင်သည်။
လှောင်သမားများအနေဖြင့် ကြက်သွန်နီ စိုက်ပျိုးသူများထံမှ နွေကြက်သွန်နီ ၀ယ်ယူသည့် မတ်လ၊ဧပြီလ ၀န်းကျင် ရန်ကုန်တွင် ပုံမှန် တစ်ပိသာ ၄၀၀ကျပ် ၀န်းကျင်၊၂၀၁၇ ခုနှစ်တွင်မူ ၆၅၀ ကျပ်ဝန်းကျင်ရှိသည်။
လှောင်လက်တို့ ရောင်းချိန် နှစ်ကုန်ပိုင်း ယခုလပိုင်းတွင် ၂၀၁၅ ခုနှစ်။ဒီဇင်ဘာလ ၂ ရက်တွင် ၃၇၀၀ကျပ်၊ဒီဇင်ဘာလဆန်းတွင် ၃၀၅၀ ကျပ်နှုန်းအထိ ရှိခဲ့သည်။
ထိုသို့စျေးနှုန်းများလပိုင်းအတွင်း အဆမတန်မြင့်တတ်လာသော်လည်း ကြက်သွန်နီထွက်ရာဒေသ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှ ရန်ကုန်သို့ ကားခနှုန်းထားမှာပြောင်းလဲခြင်းမရှိပေ။
ကုန်တစ်ပိသာလျှင် ရန်ကုန်အဆင်း ကျပ် ၄၀ ၀န်းကျင်သာရှိသည်။
ကုန်ကားလောကတွင် တင်ပို့မည့်ကုန်ပမာဏနှင့်သယ်ဆောင်မည့်ကုန် ကားအရေအတွက်တို့အချိုးမညီမှုပေါ်တွင်သာ ကားခနှုန်းထားသည် အဓိကပြောင်းလဲသည်။
တင်ပို့မည့်ကုန်စည်ပမာဏများနေချိန် ၊တင်ပို့သယ်ဆောင်မည့် ကုန်ကားနည်းနေချိန်တွင် ကုန်ကား လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ကားခစျေးနှုန်းကို မြှင့်တင်ကြသည်။
ကုန်သည်များအနေဖြင့် မိမိတင်ပို့မည့် ကုန်ပစ္စည်း တင်ပို့နိုင်ရေးအတွက် မြင့်တတ်လာသော ကားခကို စျေးမစစ်ဘဲ ကားရရေးကိုသာ အဓိကလုပ်ဆောင်ကြရသည်။
ကုန်ကား လုပ်ငန်းသမားအနေဖြင့် ၎င်းကာလတွင် ကားခမြှင့်တင်လာနိုင်သည်ကို ကြုံတွေ့ရသည်။
သို့သော် ကုန်ကားများပြီး တင်ပို့မည့် ကုန်ပစ္စည်းနည်းနေချိန်တွင်မူ ကုန်သည်များအနေဖြင့် ကုန်ကားများ ရွေးချယ်တင်ဆောင်နိုင်သည့် အခွင့်အရေးရှိသည်။
သို့ဖြစ်ရာ ကုန်ကားခများကို ရနိုင်သလောက်စျေးစစ်ကြသည်။
ကားခအနိမ့်ဆုံးပေးနိုင်သူကို ကုန်စည်သယ်ဆာင်ခွင့်ပေးကြသည်။
ကုန်ရှား၊ကားပုံနေချိန် ကားခစျေးနှုန်း ကျဆင်းတတ်ပြီး ကုန်ပေါ၊ကားရှားချိန်တွင်မူ ကားခစျေးနှုန်းမြှင့်တတ်သည်မှာ ကုန်ကားလောကသဘောပင်ဖြစ်သည်။
အကျိုးအမြတ်ရရှိချိန် ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အဆုံးရှုံးရှိချိန်၊အကျိုးအမြတ်နည်းနေချိန်တွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားလာကြသည်ကို လုပ်ငန်းတိုင်းတွင် မြင်တွေ့ရသည်။
ကုန်သည်များအနေဖြင့် ကားခအတက်၊အကျပေါ်မူတည်၍ အကျိုးအမြတ်ရရှိခြင်းပြောင်းလဲတတ်သည်။
ထို့အတူ ကုန်ကားလုပ်ငန်းလုပ်သူများအနေဖြင့် ကားခအတတ်၊အကျပေါ်မူတည်ပြီး အမြတ်အစွန်းရရှိမူပြောင်းလဲတတ်သည်။
မမြတ်ပါ၊ရှုံးနေပါသည်ဆိုသော စကားမှာ လုပ်ငန်းလုပ်ကိုင်နေသူအများစုဧ။် ပြောနေကျစကားများသာဖြစ်သည်။
သယ်ယူပို့ဆောင်ရေး သဘာဝများကိုကွဲပြားစွာသိရှိရန်လိုအပ်သည်။
ရေကြောင်း၊လေကြောင်း၊ကုန်းလမ်းခရီးတို့ဧ။်အားသာချက််၊အားနည်းချက်တို့ကိုကွဲပြားစွာသိရန်လိုအပ်သည်။
အချိန်အမြန်ဆုံးနှင့်သယ်ယူစရိတ် အမြင့်ဆုံးမှာ လေကြောင်းခရီးဖြစ်ပြီး သယ်ယူပို့ဆောင်သည့် ကုန်စည်ပမာဏမှာလည်း နည်းပါးသည်။
ကုန်းလမ်းနှင့်ရေလမ်းခရီးတွင် ရေလမ်းခရီးသည် အချိန်ကြာမြင့်ပြီး သယ်ယူစရိတ်နည်းသည်။
သယ်ဆောင်နိုင်သည့်ပမာဏများပြားသည်။
ကုန်လမ်းခရီးသည် ရေလမ်းခရီးထက် အချိန်ပိုမြန်ပြီး သယ်ယူပို့ဆောင်ခ စရိတ်ကြီးသည်။
သယ်ဆောင်နိုင့်သည့် ကုန်ပမာဏသည် ရေလမ်းထက်နည်းသည်။
၎င်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း သဘာဝ မသိဘဲ ကုန်သည်အချို့သည် ကုန်စျေးနှုန်းကြီးမြင့်ခြင်းအပေါ် သယ်ယူပို့ဆောင်ခများကို အကြောင်းပြပြောဆိုတတ်ကြသည်။
အထူးသဖြင့် ကုန်တင်ချိန် သောင်းဂဏန်းတင်ဆောင်သော ပြည်ပပင်လယ်ရေကြောင်းခရီး သယ်ယူစရိတ်နှင့် ပြည်တွင်းကားလမ်းခရီး ကုန်တန်ချိန် ဆယ်ဂဏန်းပမာဏသာ သယ်ဆောင်သည့် ကုန်ကားခများကို နှိုင်းယှဉ််ပြောဆိုတတ်သည်။
ကုန်းလမ်းခရီးမှာပင် အနီးအနားသယ်သည့် ဆိုက္ကား၊ကုန်တင်ဂါလီ၊ထော်လာဂျီ သယ်ခများ၊ရန်ကုန်မြို့တွင်း ခေါက်တိုသယ်ကုန်ကားခများ၊အဝေးပြေး ကုန်ကားခများသည် ကွဲပြားခြားနားနေသည်ကို သတိထားသင့်သည်။
ရေကြောင်းလမ်းဖြင့် ဆန်စပါးထွက်ရှိရာ မြစ်ဝကျွန်းပေါ်ဒေသ မြို့ကြီးများမှ မန္တလေးမြို့သို့ ဆန်တစ်အိတ် သဘောင်္တန်ဆာခ ကျပ် ၁၀၀၀ ၀န်းကျင်သာရှိသည်။
ကားလမ်းခရီးဖြင့်ဆိုလျှင် ဆန်တစ်အိတ်ကားခကျပ် ၃၀၀၀ ခန့်ကျသည်။
ရေလမ်းထက်၊ကားလမ်းခရီးသည် အချိန်ပိုမြန်စွာဖြင့် စျေးကွက်ရောက်ရှိသည့်အတွက် စျေးကွက်တွင် ဖြစ်တတ်သည့် စျေးနှုန်းအပြောင်းအလဲကို ခံစားနိုင်သည်။
ကားလမ်းထက်၊ရေလမ်းခရီးက သယ်ယူခ ပိုမိုသက်သာသဖြင့် စျေးကွက်တွင် စျေးနှုန်းတူဖြင့် ကုန်ပစ္စည်းရောင်းချရာတွင် အကျိုးအမြတ်ပိုမိုရရှိသည်။
ရန်ကုန်မြို့တွင်း အငှားယာဉ်ငှားစီးရာတွင် အပြန်ခရီးအတွက် ခရီးသည်ရ၊မရနှင့် မသက်ဆိုင်ဘဲ ယာဉ်မောင်းနှင့် ကားငှားသူအကြား စျေးနှုန်းပြောလေ့ရှိသည်။
ခရီးစဉ်တစ်ခုကိုပို့အပြီး အပြန်ခရီးသည်ရပါက ၀င်ငွေပိုရပြီး မရပါက ၀င်ငွေနည်းသည်သာ ကွာခြားသည်။
ဆီသယ် ဘောက်ဆာယာဉ်ဧ။် သဘာဝအရ အပြန်ကုန်တင်ဆောင်ရန် မဖြစ်နိုင်သော်လည်း အကျိုးအမြတ်ရရန် တင်ဆောင်ကြသည်။
သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများဧ။် ရောင်းချသော တန်ဖိုးငွေပမာဏသည် သယ်ယူပို့ဆောင်ခနှင့်နှိုင်းယှဉ်လျှင် လွန်စွာ ကြီးမြင့်နေသည်။
သို့သော် သယ်ယူပို့ဆောင်ခနှုန်းထားအပေါ် အကြောင်းပြု၍ ကုန်စည်စျေးနှုန်းများ မြှင့်တင်ရာတွင် အသုံးပြုလေ့ရှိသည်။
၂၀၁၂ ခုနှစ်က ဖရဲသီးနှင့် တစ်ဆင့်ပို့ကုန် ပြည်ပအမဲသားတစ်တန်လျှင် ရန်ကုန်မှမုဆယ်သို့ကျပ်နှစ်သိန်းအထက် ရှိခဲ့သော်လည်းယခုနှစ်ပိုင်းတွင်များတွင် တစ်တန်ကားခ ကျပ်တစ်သိန်းအောက်တွင်သာ ရှိနေသည်။
ပဲစျေးကွက်တွင်လဲ မတ်ပဲ RC တစ်တန်၂၀၁၅ခုနှစ်၊ဖေဖော်ဝါရီလပိုင်း ကျပ်၁၀သိန်းသာရှိသော်လည်း အောက်တိုဘာလ လယ်တွင် ကျပ် ၂၄ သိန်းကျော်အထိရှိခဲ့သော်လည်း မတ်ပဲသယ်ကားခများ ပြောင်းလဲခြင်း မရှိခဲ့ဟု ပဲမျိုးစုံသယ်ယူပေးနေသော ကုန်ကားပိုင်ရှင်တစ်ဦးကပြောကြားခဲ့သည်။
Source:the farmer media