အိုင်ဗရီကို့စ်မှာ ဖြစ်ပေါ်တဲ့ ဆန်ကိစ္စ မြန်မာကုန်သည်များနဲ့ မသက်ဆိုင်ဟု သိရ


18 April, 2019

မြန်မာကုန်သည် သုံးဦးဆီက ဆန်တန်ချိန် ၁၈၀၀၀ ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လက ပိုလန်နိုင်ငံသား ကုန်သည်က ကန်ဒေါ်လာ ၃၅၅ ကျပ်ဈေးနဲ့ ဝယ်သွားတာဖြစ်ပါတယ်။

သင်္ဘောတင်နေတဲ့အချိန် မိုးမိခဲ့သလို ဒေါ်လာဈေးအတက်အကျကြောင့် အဲ့ဒီ ပိုလန်ကုန်သည်က အာဖရိကနိုင်ငံလေးနိုင်ငံကို သင်္ဘောပေါ်ကမချပဲ လှည့်ပတ်ရောင်းခဲ့တာဖြစ်ပါတယ်။

FOB နဲ့ ဝယ်သွားတာဖြစ်လို့ ရန်ကုန်ဆိပ်ကမ်းအထိပဲ မြန်မာဘက်နဲ့ဆိုင်ပါတယ်။ ရန်ကုန်ဆိပ်ကမ်းအထိ ဆန်အရည်အသွေးနဲ့ တန်ချိန်ပြည့်မီခဲ့ပါတယ်။

FOB နဲ့ဝယ်တဲ့ တစ်ဘက်နိုင်ငံခြားသားကုန်သည်က ဆန်တွေကို သဘောၤပေါ်မှာ ရှစ်လကြာတဲ့အထိ ထားထားပြီး သဘောၤပေါ်မှာ မိုးသည်းသည်းထန်ထန်မိတာတွေကြောင့် ဖြစ်ပါတယ်။

အဆိုပါ မိုးမိထားတဲ့ ဆန်တွေကို ကြားဝယ်တဲ့ ကုန်သည်တွေက လိုက်စပ်ပြီး ရောင်းချနေတာဖြစ်ပါတယ်။ တင်တဲ့အချိန်မှာ  အရည်အသွေး မညံတဲ့အတွက် ကြားကအဝယ်ကုန်သည်ကို အရေးယူရမယ့် သဘောဖြစ်ပါတယ်။

ဝယ်တဲ့သူက ဈေးအမြင့်နဲ့ ဝယ်သွားပြီး ဈေးကျသွားတဲ့အခါ ပြသနာဖန်တီးထားတာလည်း ပါပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း သူ့အဖွဲ့နဲ့သူ စစ်တာဖြစ်ပါတယ်။ ဒီကိစ္စကို  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ အစိုးရမှ တရားဝင်ဖြေရှင်းနိုင်အောင် အလျင်အမြန်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Thaung Han

Local News Read 15356 times