ဂျပန်နိုင်ငံ အစိုးရ၏ နောက်ဆုံးရရှိသော အချက်အလက်အရ အလုပ်လက်မဲ့ ဦးရေမှာ အစောပိုင်းနှစ်နှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလတွင် အလုပ်လက်မဲ့ဦးရေ ၄၉၀,၀၀၀ ရှိလာသည်ဟု သိရသည်။
ကိန်းဂဏန်း ဖော်ပြချက်အရ အလုပ်လက်မဲ့ ဦးရေသည် ၁၁ လဆက်တိုက် မြင့်တက်လာခဲ့သည်။ပြည်ထဲရေး ဝန်ကြီးဌာနက နောက်ဆုံးရ အချက်အလက်ကို ယနေ့တွင် ထုတ်ပြန်ခဲ့ရာ၌ အလုပ်လက်မဲ့ ဦးရေ ၁ ဒသမ ၉ သန်းကျော် ရှိကြောင်း ဖော်ပြထားသည်။
ကိုဗစ် အရေးပေါ်အခြေအနေ ကြေညာခြင်း မပြုမီ စစ်တမ်းကောက်ယူမှု ပြုလုပ်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာခြင်း၏ အကျိုးသက်ရောက်မှု ရှိပုံပေါ်သည်ဟု ဝန်ကြီးဌာန အရာရှိများက ဆိုပါသည်။
ထိုဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်းကို ထုတ်ပြန်ခဲ့ရာ ကိန်းဂဏန်း ဖော်ပြချက်အရ ၂၀၂၀ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ၂၀၁၉ ခုနှစ်က အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ကိန်းဂဏန်း ဖော်ပြချက်အရ ယခင်နှစ်ကထက် အလုပ်လက်မဲ့ ဦးရေမြင့်တက်ခဲ့ပြီး ထိုမြင့်တက်မှုသည် ၁၁ နှစ်အတွင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
MDN