ယခုနှစ် ဧပြီလမှ ဇွန်လအထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ၏ ပြောကြားချက်အရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စာရင်းတွင်ဂျပန်နိုင်ငံသည်အမေရိကန်ဒေါ်လာ ၈၅ မီလီယံဖြင့် ထိပ်ဆုံးတွင်ရှိနေကြောင်းသိရပါသည်။
ထိုသုံးလအတွင်း ဂျပန်က အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၁၅၇ မီလီယံဖြင့် ပထမနေရာကိုရပ်တည်နေပြီး၊ ဒုတိယနေရာတွင် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၃၃၅ ဖြင့် တရုတ်မှလည်းကောင်း၊ တတိယနေရာ၌ အမေရိကန်က အမေရိကန်ဒေါ်လာ ၅၆ မီလီယံဝန်းကျင်ဖြင့် အသီးသီး ရပ်တည်လျက်ရှိပါသည်။
သို့သော်ယခင် ၂၀၁၇ ခုနှစ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) စာရင်းအရ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၈၄၀၀ မီလီယံ ဝန်းကျင်ဖြင့် ပထမနေရာတွင်ရှိခဲ့ပြီး ဒုတိယနေရာတွင် စင်ကာပူက အမေရိကန်ဒေါ်လာ ၁၆၁၀၀ မီလီယံကျော်ဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဟောင်ကောင်က အမေရိကန်ဒေါ်လာ ၇၄၀၀ မီလီယံကျော်ဖြင့်လည်းကောင်း ရှိခဲ့ပါသည်။
၄ လစာ ဘတ်ဂျက်အတိုကာလအတွင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့က အမေရိကန်ဒေါ်လာ ၈၃၀ မီလီယံ နီးပါးရောက်ရှိခဲ့သော FDI ကို လက်ခံခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က " အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှု တွေက အမေရိကန်ဒေါ်လာ ၁၂၀၀ မီလီယံသို့ ရောက်ရှိခဲ့သော်လည်း FDI စီးဆင်းမှုတွေက ရည်မှန်းထားတဲ့အတိုင်း မြန်မာ့ကုမ္ပဏီများဥပဒေကိုအခြေခံပြီး ရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ သုံး ဘီလီယံသို့ ရောက်မရောက်ကို စောင့်ကြည့်ဖို့ရန်လိုအပ်တယ်" ဟု ပြောကြားခဲ့ပါသည်။
ခြောက်လတာ ဘတ်ဂျက်ကာလအတွင်း FDI စီးဆင်းမှုကို အမေရိကန်ဒေါ်လာ သုံး ဘီလီယံသို့ ရောက်ရှိရန် မျှော်လင့်ထားသော်လည်း ထိုမျှော်လင့်ထားသကဲ့သို့ ဖြစ်လာရန်မှာ ခက်ခဲလှပါသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဆိုအရ သြဂုတ်လနောက်ပိုင်း FDI စီးဆင်းမှုကို စောင့်ကြည့်ဖို့ရန်လိုအပ်ကြောင်းသိရပါသည်။
Eleven