ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေ ၈၀၀၀၀ ကျော်အထိ မြင့်တက် လာခဲ့ကြောင်း ဂျပန်အလုပ်သမားဝန်ကြီးဌာနက ယနေ့ ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကစပြီး ယနေ့အချိန်အထိ အလုပ်လက်မဲ့ဦးရေ ၈၀၁၀၀ ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနက ဆိုသည်။
အဆိုပါအလုပ်လက်မဲ့ဦးရေသည် အလုပ်သမားရေးရာ အာဏာပိုင်များနှင့် ပြည်သူ့အလုပ်အကိုင်ရှာဖွေရေး စင်တာမှ စာရင်းများကိုသာ ဖော်ပြထားခြင်းဖြစ်သည့် အတွက် နိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေသည် အဆိုပါ ကိန်းဂဏန်းထက် ပိုမိုများပြားနိုင်ဖွယ်ရှိသည်။
' 2020 ဒီဇင်ဘာ ၂၅ ရက်မှစပြီး ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်သား ၁၇၀၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ကြသည်။ အလားတူ စားသောက်ဆိုင်လုပ်ငန်းတွင် အလုပ်သမား ၁၁၀၀၊ လက်လီဖြန့်ချိရေးလုပ်ငန်းတွင် ၁၀၀၀၀ ကျော်နှင့် ဟိုတယ် လုပ်ငန်းတွင် ၉၆၀၀ အသီးသီး အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။ '
ထို့ပြင် လက်ရှိအချိန်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ ပြန်လည်မြင့်တက်လာသည့် အတွက် တိုကျိုမြို့အပါအဝင် အနီးဝန်းကျင်ရှိ ခရိုင်များတွင် အရေးပေါ်အခြေအနေကြေညာထားသောကြောင့် အလုပ် အကိုင်ဆုံးရှုံးမှုများ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်ကုန်သွယ်ရေးဆိုင်ရာ သမဂ္ဂများအဖွဲ့က သတိပေး ပြောကြားခဲ့သည်။
ကုမ္ပဏီများအနေဖြင့် အစိုးရ၏ အရေးပေါ်ထောက်ပံ့ ငွေများ ထုတ်ယူပြီး ၎င်းတို့၏ ဝန်ထမ်းများအား ကူညီ ထောက်ပံ့ရန် အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်း ပြောကြားထားကြောင်း သိရသည်။ '