ဘင်္ဂလားဒေ့ရှ်မှာ စက်မှုဗဟိုချက်တစ်ခု ဖော်ဆောင်ရန် ဂျပန် အဆိုပြု
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကုန်းတွင်းပိတ် အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်များအတွက်သာမက ကုန်းတွင်းပိတ် နိုင်ငံများ ဖြစ်ကြသည့် နီပေါနှင့် ဘူတန်နိုင်ငံတို့အထိ ထောက်ပံ့ရေးကွင်းဆက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်မှုဗဟိုချက်တစ်ခု ဖော်ဆောင်ရန် ဂျပန်နိုင်ငံက အဆိုပြုထားသည်။ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်မည် ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှိဒ သည် ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ပြီးနောက် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းအတွက် စက်မှုအချက်အချာနေရာသစ်တစ်ခု ထူထောင်မည့်အကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဖူမီအို ခီရှိဒ ခရီးစဉ်အပြီးတွင် ဂျပန်အစိုးရသည် ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်ရေး အပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်း သုံးခုအတွက် ဘင်္ဂလားဒေ့ရှ်သို့ ဒေါ်လာ ၁.၂၇ ဘီလီယံ ရန်ပုံငွေအဖြစ် ပေးအပ်ရန် အတည်ပြုခဲ့သည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံး အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Hiroshi Suzuki က ပြောကြားသည်။
Matarbari ရေနက်ဆိပ်ကမ်းသည် ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Matarbari စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံးသော ရေနက်ဆိပ်ကမ်းဖြစ်ပြီး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U