မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် H.E. Mr. Ichiro MARU နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ဟာ အထောက်အပံ့စီမံကိန်း ( ၂ ) ခုနဲ့ ပတ်သက်တဲ့ စာချွန်လွှာများကိုအဆိုပါ စာချွန်လွှာများအရ ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွေအတွက် ဂျပန်ယန်း ၃၂၇၂ သန်း အကူအညီပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သိရပါတယ်။
ဂျပန်ယန်း ၂၈၂၈ သန်းကို လေယာဉ်စောင့်ကြည့်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။
အဆိုပါ စီမံကိန်းဟာ ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်နဲ့ နေပြည်တော်လေဆိပ်တို့ရှိ လေကြောင်းထိန်းရေဒါကို အဆင့်မြှင့်တင်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လေယာဉ်ပျံသန်းမှု ဘေးကင်းလုံခြုံရေးကို အဆင့်မြင့်တင်နိုင်မှာဖြစ်ပါတယ်။
ဒါ့ပြင် ဂျပန်ယန်း ၄၄၄ သန်းကိုတော့ ကျေးလက်ဒေသများအတွက် လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရေး စီမံကိန်းအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ကျေးရွာများရဲ့ အခြေခံအဆောက်အအုံ မြှင့်တင်တဲ့အခါ အထောက်အကူဖြစ်စေမယ့် စက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်မှာ ဖြစ်တဲ့အတွက် လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုနှုန်းနဲ့ ကျေးလက်ဒေသနေပြည်သူများရဲ့ လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး