ဂျပန်တွင် အလုပ်ခန့်ရန် ပြည်ပကျောင်းသူကျောင်းသား ၄ သိန်း လက်ခံမည်


24 March, 2023

ဂျပန်တွင် အလုပ်ခန့်ရန် ပြည်ပကျောင်းသူကျောင်းသား ၄ သိန်း လက်ခံမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ပြည်ပကျောင်းသူကျောင်းသားများ ဂျပန်တွင် ပညာသင်ယူပြီး ဘွဲ့ရသောအခါတွင် ဂျပန်အစိုးရသည် ၎င်းတို့အား ဂျပန်တွင် ဆက်လက်နေထိုင်ရန်နှင့် အလုပ်ခန့်ထားရန် ရည်ရွယ်သည်။


ဂျပန်အစိုးရသည် ၂၀၃၃  ခုနှစ်တွင် နိုင်ငံတွင်း၌ နိုင်ငံခြားကျောင်းသားကျောင်းသား ၄ သိနိး ပညာသင်ကြားနိုင်စေရန် ရည်မှန်းထားပြီး ၎င်းတို့ဘွဲ့ရပြီးပါက ဂျပန်နိုင်ငံတွင် အလုပ်လုပ်ဖို့ တွန်းအားပေးရန် မျှော်မှန်းထားသည်။
 ထိုပြင် ဂျပန်မှ ပြည်ပသို့ ပညာတော်သင် ဦးရေ ၅ သိန်း စေလွှတ်ရန်လည်း ရည်မှန်းထားသည်။ ထနု့အတွက် ကာလလတ်နှင့် ကာလရှည် ပညာသင် အစီအစဉ်များ အကောင်အထည်ဖော်မည်ဖြစ်သည်။

နိုင်ငံခြားကျောင်းသားကျောင်းသားများ ဘွဲ့ရပြီးသောအခါ ဂျပန်တွင် အလုပ်လုပ်ကိုင်နိုင်ရန် အလုပ်သင် အစီအစဉ်များ တိုးချဲ့ဆောင်ရွက်မည် ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြား ကျောင်းသူ ကျောင်းသားဦးရေ ၃ သိန်း ရရှိရန် ရည်မှန်းထားသည်။ အရေအတွက်ပြည့်မီခဲ့သော်လည်း  COVID-19 ကပ်ရောဂါကြောင့် အသွားအလာ ပိန်ပင်သဖြင့် အရေအတွက် ပြန်လျော့ကျခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အရေအတွက် ၂၃၀,၀၀၀ ခန့် ရှိခဲ့ပါသည်။
 
အစီအစဉ်သစ်တွင်၊ အစိုးရက ၂၀၂၇ ခုနှစ်တွင်အရေအတွက် ၃ သိန်းသို့ ထပ်မံရောက်ရှိရန် ရည်မှန်းထားသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Labour Affairs Read 328 times