မြန်မာမှ အလုပ်ကိစ္စဖြင့် လာရောက်မည့်သူများ ဂျပန်နိုင်ငံ ခွင့်ပြုတော့မည်


05 February, 2021

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ထားနိုင်မှုအောက်သို့ တဖြည်းဖြည်း ရောက်ရှိနေသော ထိုင်ဝမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အလုပ်ကိစ္စဖြင့် လာရောက်မည့်သူများကို စက်တင်ဘာ ၈ ရက်တွင် ပြည်ဝင်ခွင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောကြားခဲ့သည်။

 

စက်တင်ဘာ ၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Motegi က အဆိုပါအစီအမံသည် ဂျပန်နိုင်ငံတွင် ကာလရှည်နေထိုင်ခွင့်ကို ခွင့်ပြုချက်ရရှိထားသည့် နည်းပညာဆိုင်ရာအလုပ်သင် သင်တန်းသားများနှင့် ဂျပန်တွင် ကာလရှည်ကြာ အလုပ်လုပ်ကိုင်သည့်သူများအတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

 

ဇူလိုင်လကုန်တွင် ဂျပန်သည် ထိုင်းနှင့်ဗီယက်နမ်တို့မှ အလားတူ အလုပ်ကိစ္စဖြင့် လာရောက်မည့်သူများကို ပြည်ဝင်ခွင့် ပြုခဲ့သည်။

 

" ကူးစက်ရောဂါ ထပ်မံပြန့်ပွားမှုကို ကာကွယ်ထားရင်း တိုင်းပြည်နဲ့ဒေသတွင်းအကြား အသွားအလာပြုတာတွေကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ခြင်းအားဖြင့် စီးပွားရေးကိုပြန်လည်ရှင်သန်စေချင်ပါတယ်" ဟု Motegi က ပြောကြားခဲ့သည်။

 

၀ န်ကြီးချုပ် Shinzo Abe က ဇူလိုင်လနှောင်းပိုင်းတွင် အစိုးရ၏ တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ် အပါအ၀င် နိုင်ငံနှင့်နယ်မြေ ၁၂ ခုသို့ ကူးစက်ရောဂါနှင့်ပတ်သက်သော ခရီးသွားလာခြင်းဆိုင်ရာကန့်သတ်ချက်များကို လျှော့ချမည့် အစီအစဉ်ကို ကြေငြာခဲ့ပြီး Shinzo Abe က တရုတ်နှင့် တောင်ကိုရီးယားတို့ထက် ထိုင်ဝမ်ကို ဦးစားပေးရန် ညွှန်ကြားခဲ့သည်။

 

ထိုင်ဝမ်၏ တရုတ်လေကြောင်းလိုင်းသည် COVID-19 ဖြစ်ပွားမှုကြောင့် ဧပြီလမှစ၍ ဆိုင်းငံ့ထားသော ဂျပန်နိုင်ငံရှိ ရေလည်ကျွန်းအဖြစ် တသီးတခြား တည်ရှိသော Chubu လေဆိပ်နှင့် တိုင်ပေအကြား ခရီးသည်တင်လေယာဉ်များကို စက်တင်ဘာလအတွင်းတွင် ပြန်လည်စတင်မည်ဖြစ်သည်။

 

By Myanmar Industry Guide

Local News Read 756 times