ဂျပန်က ပြည်ပလုပ်သားနှင့် ပြည်ပကျောင်းသား ပြည်ဝင်ခွင့် တားမြစ်ချက်များ ဖြေလျော့မည်


12 February, 2022

ဂျပန်က ပြည်ပလုပ်သားနှင့် ပြည်ပကျောင်းသား ပြည်ဝင်ခွင့် တားမြစ်ချက်များ ဖြေလျော့မည်

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ဂျပန်ပြည်ဝင်ခွင့်ကို အမြဲတမ်းနေထိုင်သူမဟုတ်သည့် နိုင်ငံခြားများအပေါ် တင်းကျပ်ထားခြင်းကို ရပ်ဆိုင်းမည်ဟု ပြောကြားခဲ့ပြီး ကြေညာချက်ကို လာမည့် သီတင်းပတ်အတွင် ထုတ်ပြန်မည်ဟု ပြည်တွင်းမီဒီယာတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ ထပ်တိုးသိရှိထားတဲ့ omicron မျိုးကွဲအကြောင်း သိပ္ပံဗဟုသုတများနှင့် ပြည်တွင်းပြည်ပ ပိုးကူးစက်မှု အခြေအနေများ ပြောင်းလဲနေခြင်းတို့ကို ကျွန်တော်တို့ ထည့်ငသွင်းစဉ်းစားပေးမယ်။ အခြားနိုင်ငံများမှ လူဝင်မှုကြီးကြပ်ရေး ကိုင်တွယ်ပုံများကိုလည်း ထည့်သွင်းစဉ်းစားမယ်" လို့ ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက တိုကျိုမြို့ရှိ Haneda Airport သို့ သွားရောက်စဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။

Nikkei  နေ့စဉ်သတင်းတွင် ဂျပန်နိုင်ငံသည် ပြည်ဝင်ခွင့် တားမြစ်ချက်များ ရပ်ဆိုင်းပြီး စီးပွားရေးအလုပ်ဖြင့် လာရောက်သူများ၊ ပညာသင်များကို တဖြည်းဖြည်းချင်း တိုးမြှင့် ခွင့်ပြုသွားမည်ဟု သတင်းဖော်ပြထားသည်။

omicron မျိုးကွဲ ကူးစက်ခံရသည် လူနာတစ်ဦးကီု စတင်တွေ့ရှိပြီးနောက် ပြည်ဝင်ခွင့် ထိန်းချုပ်ခြင်းကို ၂၀၂၁ နိုဝင်ဘာလတွင် ကျင့်သုံးခဲ့သည်။ ထိုထိန်းချုပ်ခြင်းသည် အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ပြီး လက်ရှိသက်တမ်းသည် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်။

သက်တမ်း မကုန်ခင် အစိုးရမှ ကြိုတင်စီစဉ်လျက် ရှိရာ တစ်ရက်လျှင် ၁,၀၀၀ ဦး ပြည်ဝင်ခွင့် ပေးရန်နှင့် အများဆုံးကန့်သပ်ချက်ကို ဖြည်းဖြည်းချင်း တိုးမြှင့်ပေးသွားမည်ဟု Nikkei  တွင် ဖော်ပြထားသည်။

ကျောင်းများနှင့် ကုမ္ပဏီများသည် မိမိတို့ တာဝန်ခံထားသော သူများ ရောက်လာသည့်အခါ ကြီးကြပ်ပေးရမည်ဖြစ်ပြီး တာဝန်ယူရမည် ဖြစ်သည်။ ရောက်လာသူတို့သည် တစ်ဦးတည်းသီးသန့်ခွဲပြီး နေထိုင်ရမည် ဖြစ်သည်။ ခရီးတို သွားလာခြင်း၊ ကာလရှည်ကြာ နေရာပြောင်း နေထိုင်ခြင်းတို့အတွက် တားမြစ်ချက်များကို လျှော့ပေါ့ပေးမည်။
အစိုးရအနေဖြင့် ဦးစားပေး အစီအစဉ်ကို ကျင့်သုံးမည် ဖြစ်ရာ သုတေသီများ အင်ဂျင်နီယာများကို ဦးစားပေးမည် ဖြစ်ပြီး လူထုအကျိုး ပေးအပ်သော လုပ်သားများကိုလည်း ဦးစားပေး စာရင်းတွင် ပါဝင်မည် ဖြစ်သည်။

quarantine ကာလကို ၇ ရက် အစား ၃ ရက်နှင့်အောက် သတ်မှတ်ပေးမည်။

လာရောက်သည့် ခရီးသွားတို့သည် COVID-19 ကာကွယ်ဆေး booster ထပ်ထိုးထားဖို့ လိုပြီး ဗိုင်းရပ်စ် ဆေးစစ်ခြင်းလည်း ဆောင်ရွက်ရမည် ဖြစ်သည်။
စစ်ဆေးခြင်းနှင့် စာရွက်စာတမ်း လိုအပ်ချက်များကို ရိုးရှင်းလွယ်ကူအောင် အစိုးရမှ စီစဉ်ပေးမည်။

japantimes.co.jp

Laws and Regulations Read 328 times