JICA SME နှစ်ဆင့်ချေးငွေများတွင် ရန်ကုန်တိုင်းဒေသကြီး၏ ချေးငွေချပေးမှုမှာ အများဆုံးဖြစ်


11 January, 2018

JICA SME နှစ်ဆင့်ချေးငွေများတွင် ရန်ကုန်တိုင်းဒေသကြီး၏ ချေးငွေချပေးမှုမှာ အများဆုံးဖြစ်ခဲ့သည်။

နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုတွင် အသေးစားနှင့် အလတ်စားစီပးပွားရေးလုပ်ငန်း SME များ ပါ၀င်မှုသည် ၉၉ ရာခိုင်နှုန်းရှိပြီး SME များ ဖွံ့ဖြိုးတိုးတတ်လာပါက ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး တစ်ဦးချင်းဝင်ငွေပါ တိုးတတ်လာမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်မှ SMEs လုပ်ငန်းများအား ဘဏ္ဍငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ (DDA) ချေးငွေရယူ၍ SME နှစ်ဆင့်ချေးငွေစီမံကိန်း ပထမအဆင့်(Phase-1)ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင်အကျုံးဝင်သော SMEsလုပ်ငန်းများ

၂၀၁၅ ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးဥပဒေ ပုဒ်မ-၂(က)၊ (ခ) တွင် ပါရှိသည့် SME သတ်မှတ်ချက်နှင့် ညီညတ်သည့် အောက်ါဖော်ပြပါ SME လုပ်ငန်းများ ချေးငွေရယူနိုင်ပါသည်။

(က) ကုန်ထုတ်လုပ်မှုလုပ်ငန်း

(ခ) လုပ်သားအခြေပြုလုပ်ငန်း

(ဂ) လက်လီရောင်းဝယ်ရေးလုပ်ငန်း

(ဃ) လက္ကားရောင်းဝယ်ရေးလုပ်ငန်း

(င) ၀န်ဆောင်မှုလုပ်ငန်း

(စ) အခြား

JICA SME နှစ်တင့်ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သော လုပ်ငန်းများ

(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန်

      အရည်အသွေးပြည့်မီမှုမရှိသော လယ်သမားများ

(ခ) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ

(ဂ) ဘဏ္ဍရေးနှင့် အာမခံလုပ်ငန်း

(ဃ) အဖိုးတန် သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ

(င) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံများ

(စ) ဖြေဖျော်မှု၊တင်ဆက်မှု(နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ)လုပ်ငန်း

(ဆ) လက်နက်၊ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းစသည့် လုပ်ငန်း

       များအား ငွေထုတ်မချေးပါ

 

           

 

 

 

 

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်း ချေးငွေထုတ်ချေးခြင်းအတွက် သတ်မှတ်ချက်

၁        SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင်သည့်ငွေပမာဏ    အများဆုံး (၅၀၀) သန်း

၂        ချေးငွေအား အသုံးပြုရာတွင် သတ်မှတ်ချက်    Fixed Assets အတွက် ၈၀%

Working Capital အတွက် ၂၀%

၃        ချေးငွေအတိုးနှုန်း      ၁နှစ်လျှင် ၈.၅%

၄        ချေးငွေသက်တမ်း       ၃နှစ်မှ ၅နှစ်ထိ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းပထမအဆင့် Phase-1 တွင် ချေးငွေရယူရန်ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များမှာ-

(၁) အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်

(၂) မြန်မာ့ရှေ့ဆောင်ဘဏ်

(၃) မြန်မာနိုင်ငံသားများဘဏ်

(၄) ဧရာဝတီဘဏ်

(၆) သမဝါယမဘဏ်

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းပထမအဆင့် (Phase-1) ဆောင်ရွက်မှုအခြေအနေ

JICA မှ တရားဝင်ဖွံ့ဖြိုးတိုးတတ်မှုချေးငွေရယူရန် ငွေရေးကြေးရေးဆိုင်ရာ ပါ၀င်ဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institution) (PFIs) အဖြစ် ပုဂ္ဂလိကဘဏ် ၆ ဘဏ်မှတစ်ဆင့် ငွေကျပ် ၅၇၆၃၄ သန်းအား SME လုပ်ငန်းရှင် ၂၆၉ ဦးသို့ ချေးငွေများ ထုတ်ချေးပြီး ဖြစ်ပါသည်။

အဆိုပါထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသော အရင်းငွေရပ်များအား လှည့်ပတ်ရန်ပုံငွေစာရင်းတွင် ထားရှိ၍ ပြန်လည်ထုတ်ချေးလျက်ရှိရာ စီမံကိန်းစတင်ချိန်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ စုစုပေါင်း SMEs လုပ်ငန်းရှင် ၂၉၂ဦးသို့ စုစုပေါင်းငွေကျပ် ၆၁၁၄၆ ဒသမ ၉၈ သန်းအား

ထုတ်ချေးခဲ့ပြီး SMEs လုပ်ငန်းသစ်များကို ဆက်လက်ထုတ်ချေးသွားမည် ဖြစ်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

JICA SME  Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2) ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်

JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2)တွင် ချေးငွေ၈ျပန်ယန်း ၁၄၉၄၉ သန်း ရယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းဒုတိယအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပါက ငွေရေးကြေးရေးဆိုင်ရာ ပါ၀င်ဆောင်ရွက်သည့်အဖွဲ့အစည်း (PFIs) ဖြစ်သော ဘဏ်များအား အသစ်ပြန်လည်ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါဘဏ်များမှ တစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးသို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်ထားပါသည်။

 

 

Local News Read 825 times