တရုတ်နိုင်ငံ မော်တော်ယာဉ်ကဏ္ဍ ပြည်ပကုမ္ပဏီများ ပိုင်ဆိုင်မှု မူဝါဒ ဖြေလျော့
ပြည်ပလုပ်ငန်းများ တရုတ်နိုင်ငံတွင် အိမ်စီးကားထုတ်လုပ်ရန်အတွက် ၂၀၂၂ ဇန်နဝါရီလမှစ၍ ရာနှုန်းပြည့် ပိုင်ဆိုင်လုပ်ကိုင်ရန် ခွင့်ပြုမည် ဖြစ်သည်။
စီးပွားရေးနှင့် အမျိုးသား ဖွံ့ဖြိုးရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် Commerce and the National Development and Reform Commission က ဖြေလျော့သည့် ပြဌာန်းချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၉၄ ခုနှစ်မှစ၍ မော်တော်ယာဉ်ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်သော ပြည်ပကုမ္ပဏီများအနေဖြင့် ပြည်တွင်းကုမ္ပဏီနှင့် ၅၀ : ၅၀ ဖက်စပ်လုပ်ကိုင်ရန် မလွဲမသွေ လိုအပ်သည်။
၂၀၁၈ တွင် ဖြေလျော့ပေးခဲ့ရာ၌ ၅၀% အစား ၇၀% အထိ ပြည်ပကားလုပ်ငန်းများကို ပိုင်ဆိုင်ခွင့် ပြုလိုက်သည်။
ဂျာမနီမှ BMW က တရုတ်နိုင်ငံမှ Brilliance နှင့် ထူထောင်ထားသော ဖက်စပ်လုပ်ငန်းတွင် အစုရှယ်ယာပိုင်ဆိုင်မှုကို ၇၀% သို့ တိုးမြှင့်ပြီး ရင်းနှီးမြှုပ်နှံသည်။
ခြွင်းချက်မှာ Tesla သည် တရုတ်အစိုးရ၏ ပစားပေးခံရသော လုပ်ငန်းဖြစ်ပြီး တရုတ်နိုင်ငံမှ စက်ရုံကို အပြည့်အဝ ပိုင်ဆိုင်ခွင့် ရရှိထားသည်။
ဖက်စပ်လုပ်ငန်းများကို ၅၀ : ၅၀ လုပ်ကိုင်စေသည်မှာ နည်းပညာများ ပြည်တွင်းသို့ ယူဆောင်လာစေရန်နှင့် ပြည်တွင်း brands များ အမြတ်ဝေစု ပိုမို ရရှိနေစေရန် ဖြစ်သည်။
တရုတ်နိုင်ငံမှ မော်တော်ယာဉ် လုပ်ငန်းကြီးများ ဖြစ်သော SAIC, FAW, BAIC, Dongfeng နှင့် Shangan တို့သည် နိုင်ငံပိုင်လုပ်ငန်းများ ဖြစ်သည်။
မြေရှားသတ္တု ထုတ်လုပ်ရေး၊ ဆေးရွက်ကြီး ထုတ်ကုန်များ၊ ရုပ်ရှင်ဗီဒီယို စသည့် လုပ်ငန်းများသည်လည်း ပြည်ပလုပ်ငန်းများအနေဖြင့် ဖက်စပ်လုပ်ကိုင်ရန် လိုအပ်ပါသည်။