ဂျပန်နိုင်ငံက စနစ်အသစ်ဖြင့် ခေါ်ယူမည့် လုပ်ငန်းအမျိုးအစား ၁၄ မျိုးအတွက် နှစ်နိုင်ငံအလုပ်သမားရေးရာအရာရှိများ မတ်လအတွင်း ညှိနှိုင်းပြီးနောက် ဧပြီတွင် အလုပ်သမားစေလွှတ်ခွင့်ကို စတင်ခွင့်ပြုကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာ န ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
‘‘ခွင့်ပြုလိုက်ပြီ ဆိုပေမဲ့ Demand Letter (အလုပ်ခေါ်စာ) တော့ တက်မလာသေးဘူး’’ ဟု ဦးဝင်းရှိန်က ပြောသည်။
ဂျပန်အစိုးရက နိုင်ငံခြား အလုပ်သမားဥပဒေအသစ်ဖြင့် မြန်မာအပါအဝင် ရှစ်နိုင်ငံမှ ကျွမ်း အလုပ်သမားများခေါ်ယူရန် ၂၀၁၈ နှစ်ကုန်ကစ၍ ပြင်ဆင်နေသည်။
ဂျပန်နိုင်ငံသည် လုပ်ငန်း အမျိုးအစား ၁၄ မျိုးအတွက် ပထမနှစ်တွင် မြန်မာအပါအဝင် နိုင်ငံခြားလုပ်သား ဦးရေ ၄၈,၀၀၀ ခေါ်ယူ လက်ခံမည်ဖြစ်ပြီး ငါးနှစ်အတွင်း စုစုပေါင်းလုပ်သား ဦးရေ ၃၅၀,၀၀၀ ဆက်လက်ခေါ်ယူမည်ဟု ဂျပန်မီဒီယာများ၌ ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းအမျိုးအ စားများအတွက် လုပ်သားများ စေလွှတ်ရန် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများက ၂၀၁၈ နှစ်ကုန်ကတည်းက ကြိုတင်ပြင်ဆင်ထားကြောင်း အေဂျင်စီလုပ် ငန်းရှင်အချို့က ဆိုသည်။
‘‘အေဂျင်စီတွေက အားလုံးအဆင်သင့်ဖြစ်နေပြီ။ ဒီလုပ်ငန်းတွေအတွက် လုပ်သားစေလွှတ်ဖို့ အတွက် သီးခြားသတ်မှတ်ချက် တွေ ညွှန်ကြားဦးမှာလား၊ ဝန်ဆောင်ခကို ပြောင်းလဲသတ်မှတ် ဦးမှာလားဆိုတာ မသိသေးလို့ စောင့်နေတဲ့ အနေအထားရှိ တယ်’’
ဟု ငွေကြိုးကြာပြည်ပအ လုပ်အကိုင်ရှာဖွေရေးဝန်ဆောင် မှုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းစည်သူက ပြောသည်။
လက်ရှိတွင် ယင်းလုပ်ငန်း ၁၄ မျိုးအနက် ဂျပန်နိုင်ငံ၌ သင်တန်းသားလုပ်သားအဖြစ် သုံးနှစ် လုပ်ကိုင်ဖူးသူများကို ဦးစားပေး စေလွှတ်ရန် အေဂျင်စီများက စီ စဉ်နေသည်။
ထိုသို့ သုံးနှစ်လုပ်ကိုင်ဖူး သည့် လုပ်ငန်းအမျိုးအစားများ သည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဝရိန်၊ အီလက်ထရွန်နစ် စသည့် လုပ်ငန်းများဖြစ်ကာ လက်ရှိတွင် ယင်းလုပ်ငန်းများအတွက် ဂျပန်နိုင်ငံဘက်က ကမ်းလှမ်းခေါ် ယူမှုအများဆုံးရှိနေကြောင်း အေ ဂျင်စီလုပ်ငန်းရှင်အချို့က ပြော သည်။
စနစ်သစ်ဖြင့် ခေါ်ယူမည့် လုပ်ငန်းများသည် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ အဆောက်အအုံအတွင်း သန့်ရှင်းရေး၊ သံထည်ပုံသွင်းလုပ်ငန်း၊ အကြီးစားစက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေးလုပ် ငန်း၊ ကားပြုပြင်ရေးလုပ်ငန်း၊ လေ ဆိပ်နှင့် လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ငါးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စား သောက်ဆိုင်လုပ်ငန်းတို့ ဖြစ် ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ယင်းလုပ်ငန်းများတွင် သွား ရောက်လုပ်ကိုင်မည့်သူများအနေ ဖြင့် နေရာဒေသပေါ် မူတည်၍ တစ်လလျှင် ကျပ် ၁၅ သိန်းမှ ကျပ် သိန်း ၂၀ ခန့် လစာရရှိမည်ဖြစ် ကြောင်း အေဂျင်စီလုပ်ငန်းရှင် အချို့က ပြောသည်။
7DAYS NEWS