ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် သွားရောက်မည့် မြန်မာနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာ


08 September, 2020

ဂျပန်အစိုးရသည် စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားများ အနက် အောက်ပါနံပါတ် (၁) တွင်ဖော်ပြထားသော အလုပ်ကိစ္စဖြင့်ဂျပန်နိုင်ငံသို့သွားရောက်လိုသော ပုဂ္ဂိုလ် များနှင့်ပတ်သက်၍ ဂျပန်နိုင်ငံသို့ဝင်ရောက်ပြီးနောက်  ၁၄ ရက်ကြာ Home Quarantine နေထိုင်ခြင်းစသည့် စီမံချက်များကို လိုက်နာစေခြင်းဖြင့် ဂျပန်နိုင်ငံသို့ဝင်ရောက်ရန်အသိအမှတ်ပြုခြင်း「တနည်းအားဖြင့် Residence Track စတင်ခြင်း」ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) မှစတင်၍ အောက်ပါအတိုင်း ဗီဇာထုတ်ပေးသွားမည်ဖြစ်ပါသဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ 

သို့ရာတွင် ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဗီဇာလျှောက်ထားမှုအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ အသေးစိတ်ကို ဂျပန်သံရုံး website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဂျပန်အစိုးရသည် စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားများ အနက် အောက်ပါနံပါတ် (၁) တွင်ဖော်ပြထားသော အလုပ်ကိစ္စဖြင့်ဂျပန်နိုင်ငံသို့သွားရောက်လိုသော ပုဂ္ဂိုလ် များနှင့်ပတ်သက်၍ ဂျပန်နိုင်ငံသို့ဝင်ရောက်ပြီးနောက် ၁၄ ရက်ကြာ Home Quarantine နေထိုင်ခြင်းစသည့် စီမံချက်များကို လိုက်နာစေခြင်းဖြင့် ဂျပန်နိုင်ငံသို့ဝင်ရောက်ရန်အသိအမှတ်ပြုခြင်း「တနည်းအားဖြင့် Residence Track စတင်ခြင်း」ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) မှစတင်၍ အောက်ပါအတိုင်း ဗီဇာထုတ်ပေးသွားမည်ဖြစ်ပါသဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

သို့ရာတွင် ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဗီဇာလျှောက်ထားမှုအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ ကြိုတင်ရက်ချိန်းရယူရန် နည်းလမ်းကို အောက်ဖော်ပြပါ နံပါတ် ၄ (၂) ရှိ URL တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁။ အကျုံးဝင်သူများ

မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည့်အပြင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တိုက်ရိုက်ပျံသန်းမည့်လေယာဥ်ကို အသုံးပြုသူများ၊ သို့မဟုတ် တတိယနိုင်ငံမှတစ်ဆင့် ဝင်ရောက်မည်ဆိုပါ ကလည်း အဆိုပါတတိယနိုင်ငံအတွင်းသို့ ပြည်ဝင်ထားခြင်းမရှိဘဲ ခရီးတစ်ထောက်နား (Transit) အနေဖြင့် ဖြတ်သန်း၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်သူဖြစ်ရမည်။

၂။ ဗီဇာလျှောက်ထားနိုင်သော နေထိုင်ခွင့်အရည်အချင်းများ

(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ)

ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် စီးပွားရေးဆက်သွယ်ခြင်း၊ စီးပွားရေးဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ြငာခြင်း၊ စျေးကွက် လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်းနေထိုင်ပြီး ဝင်ငွေနှင့်အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိသော လုပ်ဆောင်ချက်များ။

(၂) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင် ထားသူများ

“Business manager”,

 “Intra-company transfer”, 

“Engineer / Specialist in humanities / International services”,

 “Nursing care”,

 “Highly skilled professional”,

 “Technical Intern Training”,

 “Specified Skilled Worker”,

 “Designated activities (Start-up)”.

※အထက်ပါနေထိုင်ခွင့်အမျိုးအစားများမှအပ အခြားနေထိုင်ခွင့်အမျိုးအစားများ၏ ကာလရှည် နေထိုင်ခွင့်လက်မှတ်ကို ကိုင်ဆောင်ထားသူနှင့် ၎င်း၏မိသားစု၀င်များ၊ ထို့ပြင် ကာလတိုနေထိုင်ခွင့်ဗီဇာ (ဆွေမျိုးသားချင်း/အသိမိတ်ဆွေထံအလည်အပတ်သွားခြင်းစသည်) များနှင့်ပတ်သက်၍ ယာယီအားဖြင့် ဗီဇာများ၏ အကျိုးသက်ရောက်မှုကို ဆက်လက်ရပ်ဆိုင်းထားပြီး ဗီဇာလျှောက်ထားခြင်းကို လက်မခံသေး ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၃။ တင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ) (အထက်ပါ နံပါတ် ၂ (၁) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)

(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)

(ခ) နိုင်ငံကူးလက်မှတ်

(ဂ) လျှောက်ထားသူ၏ အလုပ်အကိုင်ထောက်ခံစာ

(ဃ) ဖိတ်ခေါ်စာ

(င) အာမခံစာ

(စ) ကတိ၀န်ခံစာ (မူရင်းနှင့် မိတ္တူတစ်စောင်စီ (ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းမှ ထုတ်ပေး သောစာ))

(ဆ) မေးခွန်းလွှာ

(၂) ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများ (အထက်ပါ နံပါတ် ၂ (၂) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)

(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)

(ခ) နိုင်ငံကူးလက်မှတ်

(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ် (မှတ်ချက် ၁)

(ဃ)ကတိ၀န်ခံစာ (မူရင်းနှင့် မိတ္တူတစ်စောင်စီ (ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းမှ ထုတ်ပေး သောစာ))

(င) မေးခွန်းလွှာ

※ ဗီဇာစစ်ဆေးမှုလိုအပ်ချက်အရ စာရွက်စာတမ်းများထပ်မံတင်ပြရန် တောင်းဆိုမှုများလည်းရှိနိုင်ပါသည်။

(မှတ်ချက် ၁) ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းတွင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံး နေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုတင်ပြ၍ ဗီဇာလျှောက်ထားမည်ဆိုပါက ဂျပန်နိုင်ငံဘက်ရှိ လက်ခံမည့် အဖွဲ့အစည်းထံမှ 「ကာလရှည်နေထိုင်ခွင့်လက်မှတ်ထုတ်ပေးရန် လျှောက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း」 ရေးသားဖော်ပြထားသည့် မူရင်းစာကို တင်ပြရန်လိုအပ်ပါသည်။

(မှတ်ချက် ၂) ဤဖြေလျှော့ခြင်းဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် လက်ရှိရပ်ဆိုင်းထားသည့် ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤစီမံချက်အရ ဗီဇာအသစ် ထပ်မံထုတ်ပေးရမည်ဆိုပါက ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပယ်ဖျက် (Void) ပါမည်။

၄။ အခြားသက်ဆိုင်သောအချက်အလက်များ

(၁) ဤဖြေလျှော့ခြင်းဆိုင်ရာစီမံချက်ကို အသုံးပြုသူများ (မြန်မာနိုင်ငံမှ မထွက်ခွာမီနှင့် ဂျပန်နိုင်ငံသို့ ဆိုက်ရောက်ပြီးနောက် ဆောင်ရန်ရှောင်ရန်အချက်များ)

က။ မြန်မာနိုင်ငံမှ မထွက်ခွာမီ PCR စစ်ဆေးမှုနှင့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ မလိုအပ်ပါ။

ခ။ ဂျပန်နိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် PCR စစ်ဆေးမှုမှ ကင်းလွတ်ခွင့်ပြုသည်။

ဂ။ ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက် မိမိနေအိမ်၊ ဟိုတယ်စသည်တို့တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင် ရမည်ဖြစ်ပြီး ရထား၊ ဘတ်(စ်)ကား၊ ပြည်တွင်းလေကြောင်းလိုင်းစသည့် အများပြည်သူသုံး သယ်ယူပို့ဆောင် ရေးယာဥ်များကို အသုံးပြု၍ မရပါ။

(၂) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်နှင့်ပတ်သက်၍

ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ ကြိုတင်ရက်ချိန်းယူရန် နည်းလမ်းကို အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။

(ဂျပန်ဘာသာဖြင့်)

https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-169.html

(မြန်မာဘာသာဖြင့်)

https://www.mm.emb-japan.go.jp/profile/PDF%20file/Visa%20-%20Booking%20System%20(MM).pdf

(၃) နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့် (ဗီဇာ၊ ပြည်ပြန်ဝင်ခြင်း ဆိုင်ရာ စာရွက်စာတမ်းများတင်ပြမှု အတည်ပြုလျှောက်လွှာ စသည်)

(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html

(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html

(၄) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍

(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html

(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html

(၅) COVID-19 ရောဂါြဖစ်ပွားသူနှင့်ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application

(ဂျပန်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/cocoa_00138.html

(အင်္ဂလိပ်) https://www.mhlw.go.jp/content/10900000/000647649.pdf

Embassy of Japan in Myanmar

Local News Read 592 times