အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ World Saving Day အားဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာ ၁ ရက် မှ ဇန်နဝါရီ ၃၀ ရက်အထိ အပ်ငွေ ကျပ်သိန်း ၁၀ဝ၀ နှင့် အထက်အပ်နှံပါက သတ်မှတ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်း နှင့်အတူ အပိုဆောင်း ငွေသုည ဒသမ ၃၅ ရာခိုင်နှုန်းကိုပါ ထပ်မံထည့်သွင်းပေါင်းစပ်ပေးမည် ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် SMID Bank ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောပြချက်အရ သိရပါတယ်။
ဆက်လက်ထုတ်ချေး
ထို့အပြင် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ ချေးငွေများအား မိတ္ထီလာ၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မြဝတီ၊ မူဆယ်၊ ပခုက္ကူ (၁) (၂)၊ ပြည်၊ မြင်းခြံမြို့များ၏ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတည်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား အမှုထမ်းလစာ၏ သုံးဆ၊ အရာထမ်းလစာ၏ ငါးဆဖြင့် စတင်ထုတ်ချေးပေးလျက်ရှိသကဲ့သို့ ကျန်ဘဏ်ခွဲများတွင်လည်း ဆက်လက်ထုတ်ချေးလျက်ရှိပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ၊ တောင်ကြီး၊ ပုသိမ်၊ မုံရွာတို့တွင် အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ၏ လမ်းညွှန်မှု၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ၏ အနီးကပ်ကြီးကြပ်မှု၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် SMID Bank အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်၏ ဦးဆောင်မှုတို့ဖြင့် Cash Flow Base စနစ်ဖြင့် ပြည်နယ်နှင့် တိုင်းငါးခုတွင် လုပ်ငန်း ရှင်ပေါင်း ၁၀ဝ ကျော် ကို ချေးငွေ ငါးဘီလီယံကျော်အား ပထမဦးစွာ ထုတ်ချေးပေးခဲ့သည်။
အဓိကပံ့ပိုး
SMID Bank သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်များအနက်မှ SME လုပ်ငန်းများကို အဓိကပံ့ပိုးနေသည့် ပုဂ္ဂလိက အများပိုင်ဘဏ် တစ်ခုဖြျစပါတယ်။ Semi Government Bank မှ ၂၀၁၆ ခုနှစ်တွင် ပုဂ္ဂလိက အများပိုင်ဘဏ်အဖြစ်ပြောင်းလဲခဲ့ပြီး ၂၀၁၆–၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်းချေးငွေကို ထုတ်ချေးပေးခဲ့ပါတယ်။