ထိန်းသိမ်းသင့်နေပြီဖြစ်သော ကချင်ပြည်နယ်မှမြန်မာ့ရတနာတစ်ပါး


03 July, 2018

ပယင်းကျောက်ရှာဖွေသူများသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပယင်းအပိုင်းအစများကို စစ်ဆေးဝယ်ယူပြီးနောက် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ယူဆောင်ကာ ရောင်းချလေ့ရှိကြသည်။

ပယင်းကျောက်ရောင်းဝယ်ရေးသည် အမြတ်အစွန်းများစွာရရှိစေသောကြောင့် ပယင်းမှောင်ခိုသမားများကို အမြဲတမ်းဆွဲဆောင်လျက်ရှိသော ဈေးကွက်တစ်ခုဖြစ်သည်။

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၏ အပြင်ဘက်နားမှာရှိသော ပယင်းမှောင်ခိုဈေး၏ မနက်ခင်းတွင် ရောင်းဝယ်သူများဖြင့် စည်ကားလျက်ရှိပြီး ပျားရည်ရောင်ရှိသော ပယင်းကျောက်များကို ဓာတ်မီးများ၊ အနုစိတ်ကြည့်မှန်များဖြင့် အသေးစိတ် စေ့စေ့စပ်စပ်ကြည့်လေ့ရှိကြပါသည်။

အချို့သောသူများသည် မဖြတ်တောက်ရသေးသောအကြမ်းထည် အတုံးအထစ်များအဖြစ်ရောင်းချကြသည်။အချို့ကတော့ အနုစိတ်အချောကိုင်ပြီးသော ဆွဲသီးများ၊ လည်ဆွဲများနှင့် လက်ကောက်များအဖြစ် ရောင်းချလေ့ရှိကြသည်။

အဆိုပါပယင်းကျောက်အရောင်းအဝယ်သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ပဋိပက္ခဖြစ်ပွားလေ့ရှိသော နေရာများတွင် တွင်ကျယ်စွာ လုပ်ကိုင်နေကြသလို ကျောက်စိမ်းနှင့် ပတ္တမြား လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော မိုင်းတွင်းများသည်လည်း ၎င်းဒေသများတွင်တည်ရှိကြပါသည်။

တစ်ခါတစ်လေ ပယင်းးကျောက်များအတွင်းတွင် သစ်ပင်များ၏ အပိုင်းအစများ၊ တိရိစ္ဆာန်နှင့် ဒိုင်နိုဆောရုပ်ကြွင်းများပင် ပါလာတတ်ကြောင်း ပယင်းကျောက်လေ့လာသူတစ်ဦးက ပြောခဲ့ပါသည်။

တရုတ်ပြည်နယ်စပ်ရှိ ပယင်းကျောက် မှောင်ခိုဈေးကွက်တွင် မှန်ကန်တဲ့ဝယ်လက်နဲ့တွေ့ပါက ပယင်းကျောက်အပိုင်းအစတစ်ခုလျှင်ပင် အမေရိကန်ဒေါ်လာ တစ်သောင်းခန့်ရရှိနိုင်ကြောင်း သိရသည်။

ပုရွတ်ဆိတ်သို့မဟုတ် ခြင် ပါဝင်နေလျှင်ပင် ထိုပယင်းကျောက်များအားလုံးသည် စိတ်ဝင်စားဖို့ကောင်းသလို တန်ဖိုးလည်းထားတယ်လို့ ပယင်းကျောက်ဝယ်ယူစုဆောင်းသူတစ်ဦးက ပြောခဲ့ပါသည်။

ပယင်းကို ဟိုးယခင်ကပင် လက်ဝတ်ရတနာအဖြစ် တရုတ်မင်းမျိုးနွယ်များမှ ရှေးခေတ် ဂရိနိုင်ငံများအထိ လူကြိုက်များခဲ့ကြောင်းတွေ့ရပါသည်။

မည်သို့ပင်ဖြစ်စေ ပယင်းကျောက်များသည် ကျောက်ခေတ်မတိုင်ခင်ကတည်းကပင်ရှိခဲ့ကြောင်း အထောက်အထားများအရသိရပါသည်။

ကမ္ဘာ့နေရာအနှံ့အပြားတွင် ပယင်းကျောက်များကိုတွေ့ရနိုင်သောသော်လည်း ကျောက်ဖြစ်ရုပ်ကြွင်းပညာအရ ကချင်ပြည်နယ်တွင်ရှိသော ပယင်းကျောက်များမှာမူ ရှားပါးသောပယင်းကျောက်အမျိုးအစားများဖြစ်ကြောင်း တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ ဘူမိဗေဒပညာရှင်တစ်ဦးကပြောခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်းတည်ရှိသော ပယင်းကျောက်တူးဖော်ရေးလုပ်ငန်းများသည် စီးပွားဖြစ်တူးဖော်ရေးတွင်းများအဖြစ်ရပ်တည်လျက်ရှိပြီး ထိုမိုင်းတွင်းများရှိ ပယင်းကျောက်များသည် ကျောက်ခေတ်အချိန်ကတည်ရှိခဲ့သောအရာများကိုတွေ့ရနိုင်သော အကောင်းဆုံးလေ့လာနိုင်သောနေရာတစ်ခုဖြစ်ကြောင်း သိရပါသည်။

ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာ Xing သည် ၂၀၁၅ ခုနှစ်ခန့်က မြန်မာနိုင်ငံအတွင်း ရှာဖွေတွေ့ရှိခဲ့သော လွန်ခဲ့သော နှစ်ပေါင်း ၉၉ သန်း ခန့်က ဒိုင်နိုဆောအမြှီးတစ်ချောင်းကို တရုတ်နိုင်ငံသို့ယူဆောင်လာခဲ့သည်။

၎င်းရှာဖွေတွေ့ရှိခဲ့သောအရာအတွက် စိတ်ပျက်မိကြောင်း။ ဘာကြောင့်လည်းဆိုတော့ ယခုအခါထိုအမြှီးသည် ထုခွဲရောင်းချခြင်းခံလိုက်ရပြီးဖြစ်သည်။ထိုအရာသည် ဒိုင်နိုဆောတစ်ကောင်၏ တစ်ကိုယ်လုံးရှာဖွေနိုင်ရန် သဲလွန်စတစ်ခုဖြစ်၍ နှမြောမိကြောင်း AFP သို့ပြောကြားခဲ့ပါသည်။

အပျော်တန်း ပယင်းကျောက်မှောင်ခိုသမားများသည် ထိုပဋိပက္ခဇုန်အတွင်း ကျောက်များကို ရှာဖွေစုဆောင်းလေ့ရှိကြပါသည်။

ဒေါက်တာ Xing သည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်သွားရောက်ခဲ့စဉ်က အလွန်အန္တရာယ်များခဲ့ကြောင်း၊ ထို့အတွက်ကြောင့် အခြေအနေအေးဆေးချိန်တွင် ခိုးဝင်ခဲ့ရကြောင်း၊ ယခုအခါ ထိုသို့သောအခြေအနေပင်မရရှိတော့ကြောင်း ပြောခဲ့ပါသည်။

ပယင်း၊ ကျောက်စိမ်းနှင့် ရွှေကဲ့သို့သော တွင်းထွက်ပစ္စည်းများသည် မြန်မာနိုင်ငံမြောက်ပိုင်း မှောင်ခိုလောကတွင် များစွာရောင်းချခံနေရကြောင်း ကမ္ဘာလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ပြောခဲ့ပါသည်။

  straitstimes

Local News Read 3405 times