ကရင်ရိုးရာဝတ်စုံ


22 November, 2016

ကရင်ရိုးရာဝတ်စုံလုပ်ငန်းတစ်ခုဖြစ်သည့် မဟက်မိသားစုကရင်ရိုးရာအထည်ဆိုင်အကြောင်းတင်ပြပေးလိုက်ပါသည်။

ထိုလုပ်ငန်းစုကို ကရင်ပြည်နယ်၊ ဘားအံမြို့ ဗိုလ်ချုပ်လမ်း၊ အမှတ်(၉) ရပ်ကွက် တွင်ကရင်ရိုးရာဝတ်စုံများကို ချုပ်လုပ်သည့် လုပ်ငန်းကို လွန်ခဲ့သော အနှစ် ၂၀ လောက်မှစတင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

ကရင်ရိုးရာဝတ်စုံအဖြစ် သင်းတိုင်းအတို၊အရှည်၊ ထမီ်၊ လုံချည် နှင့် ခေါင်းပေါင်းတို့ဖြင့်ဝတ်ဆင်ရသည်ဟုသိရသည်။

ရိုးရာဝတ်စုံအရောင်မှာ အနီနှင့်အဖြူကိုပေါင်းစပ်ဝတ်ဆင်ကြောင်းသိရသည်။

ကရင်ရိုးရာဝတ်စုံချုပ်လုပ်ရာတွင် လက်ယက်ကန်းကိုသာအသုံးပြု၍ ချုပ်လုပ်ကြောင်းသိရသည်။

ဝတ်စုံချုပ်လုပ်ရာတွင် ယိုးဒယားချည်ပျော့ ၊ ဆီလွန် စသည်ပိတ်များကို အသုံးပြု၍ ချုပ်လုပ်သည်ဟုသိရသည်။

ကရင်ရိုးရာထမီတစ်ထည်လျှင် ကျပ်ငွေ လေးထောင်မှ နှစ်သောင်းကျော်အထိရှိပြီး အကျီတန်ဖိုးမှာလည်း ကျပ်ငွေ လေးထောင်မှ နှစ်သောင်းနီးပါးထိရှိကြောင်းသိရသည်။

Tips Read 8593 times