KB Bank Myanmar Ltd. ကို ပြည်တွင်းဘဏ်များနည်းတူ ဆောင်ရွက်ရန် ဗဟိုဘဏ် ခွင့်ပြု


29 December, 2020

ပြည်ပဘဏ်လုပ်ငန်းများက မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ထားသည်မှာ ၁၃ ခု ရှိပြီး ကိုယ်စားလှယ်ရုံးခွဲ ၃၅ ခုရှိသည်။

 နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် လုပ်ကိုင်ခြင်းတွင် KB Bank Myanmar Ltd. သည် ပထမဆုံးဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကြေညာချက်တွင် 

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဘဏ်လုပ်ငန်းကဏ္ဍမှ  အထောက်အကူပြုနိုင်စေရန်နှင့် ငွေရေးကြေးရေးအရင်းအမြစ်များ ပိုမိုရရှိ စေရန်အတွက် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် တတိယအကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပြီး ၉-၄-၂၀၂၀ ၂ ရက်နေ့တွင် နိုင်ငံခြားဘဏ် (၇) ဘဏ်ကို ရွေးချယ်၍ ကနဦးအတည်ပြုချက် ထုတ်ပြန်ခဲ့ပါသည်။ ။

ယင်းဘဏ်များအနက် ကိုရီးယားသမ္မတနိုင်ငံမှ KB Kookmin Bank သည် KB Bank Myanmar Ltd. အမည်ဖြင့် လက်အောက်ခံဘဏ်ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ ပြည့်စုံအောင်ဆောင်ရွက်ပြီးဖြစ်၍

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၆၈ နှင့် ငွေရေးကြေးရေး အဖွဲ့ အစည်းများ ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်းဘဏ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် ဘဏ်လုပ်ငန်းလိုင်စင်ကို ၂၃-၁၂-၂၀၂၀ ရက်နေ့ တွင် ထုတ်ပေးခဲ့ပါသည်။ ။

KB Bank Myanmar Ltd. သည် ၂၈-၁၂-၂၀၂၀ ရက်နေ့တွင် လုပ်ငန်းများ ကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး လက်အောက်ခံဘဏ်အနေဖြင့် လက်လီ ဘဏ်လုပ်ငန်းအပါအဝင် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းများကို ပြည်တွင်းဘဏ်များနည်းတူ ဆောင်ရွက်နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍတွင် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာအသစ်များနှင့် အတူ ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါသည် ဟု ဖော်ပြထားပါသည်။

industrialdirectory.com.mm/

Banking & Loan Read 434 times