(၂၈.၀၉.၂၀၂၀) မှစတင်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းထားမည်


24 September, 2020

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ customer များသို့


ယခုအချိန်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေသည့်အလျောက် ကမ္ဘောဇဘဏ်အနေဖြင့် ဝန်ထမ်းများနှင့် customer များအားလုံး ကျန်းမာဘေးကင်း၊ လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်ခွဲအချို့ကို (၂၈.၀၉.၂၀၂၀) မှစတင်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါသည်။



ဝန်ဆောင်မှု ခေတ္တယာယီရပ်ဆိုင်းထားမည့် ဘဏ်ခွဲများနှင့် ဆက်လက်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးသွားမည့် ဘဏ်ခွဲများစာရင်းကို မနက်ဖြန် (၂၅.၀၉.၂၀၂၀) တွင် ကမ္ဘောဇဘဏ်၏ Facebook စာမျက်နှာ နှင့် Website တို့မှတဆင့် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။

 

Customer များ၏ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် ဆက်လက်ဖွင့်လှစ်ထားမည့် ဘဏ်များတွင်လည်း ပုံမှန်ဘဏ်လုပ်ငန်းအချိန်အတိုင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Banking & Loan Read 2283 times