ပြီးခဲ့သည့်နှစ်က တရားဝင် ပုံစံတကျ ငွေလွှဲလမ်းကြောင်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံကိုသာ မြန်မာနိုင်ငံတွင်းသို့ ပြည်ပမှ လွှဲပြောင်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်းအမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံခန့်သည် အခြားနည်းလမ်းများဖြင့် ငွေလွှဲကြသည်။
ပုဂ္ဂလိကကူးသန်းရောင်းဝယ်ရေးဘဏ်ဖြစ်သော ကမ္ဘောဇဘဏ် (KBZ) သည် စင်ကာပူ၊ မလေးရှားနှင့် တောင်ကိုရီးယားတို့မှ မြန်မာနိုင်ငံသို့ ငွေပေးပို့သည် ငွေလွှဲလုပ်ငန်းကိုမလေးရှား အခြေစိုက်နယ်စပ်ဖြတ်ကျော် ငွေလွှဲလုပ်ငန်း Tranglo မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုအသစ်များကို စတင်ခဲ့သည်။
ငွေလွှဲ၀ န်ဆောင်မှုအသစ်သည် ပြည်ပတွင်နေထိုင်သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၄.၂၅ သန်းမှ ပြည်တွင်းသို့ ငွေလွှဲရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ၀ န်ကြီးဌာန၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့်နှစ်ကပုံမှန် တရားဝင်ငွေလွှဲလမ်းကြောင်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံသာလွှဲပြောင်းခဲ့ပြီး နှစ်စဉ်နှစ်စဉ်အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံခန့်သည် အခြားနည်လးမ်းများဖြင့် ပေးပို့ကြသည်။
ပြည်ပမှ ငွေလွှဲသူသည် မလေးရှားနိုင်ငံတွင် Tranglo ကောင်တာများမှာ ဖြစ်စေ၊ ၎င်းနှင့် လက်တွဲထားသော GPL ဌာနခွဲများနှင့် MaxMoney ကောင်တာများမှာဖြစ်စေ ပေးပို့နိုင်သည်။ စင်ကာပူတွင် SlideSG မှာ ပေးပို့နိုင်ပြီး တောင်ကိုရီးယားတွင်GME များမှတစ်ဆင့် မြန်မာနိုင်ငံသို့ငွေလွှဲနိုင်သည်။ အများဆုံးလွှဲပြောင်းငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့်ညီမျှသည့် မြန်မာကျပ်ငွေပမာဏအထိ ဖြစ်သည်။
ငွေလွှဲခြင်းကို Western Union နှင့် MoneyGram တို့၏ ဝန်ဆောင်မှုကိုလည်း အသုံးပြုနိုင်သည်။ သို့သော် ငွေလွှဲခ မြင့်မားသည်ဟု သိရသည်။ Western Union သည် ငွေလွှဲရန် အများဆုံး အမေရိကန်ဒေါ်လာ ၅,၀၀၀ မှ အနည်းဆုံး တစ်အမေရိကန်ဒေါ်လာအထိ ဝန်ဆောင်မှု ပေးသည်။ ဝန်ဆောင်ခမှာ အမေရိကန် ၃.၂၀ မှ ၂၉၂ အထိ အစားစား ရှိသည်။ ရာခိုင်နှုန်းအားဖြင့် ၃ မှ ၆ % အထိ ဖြစ်သည်။
တရားမဝင်လမ်းကြောင်းမှ ပေးပို့လျှင် ၂% ဝန်းကျင် ကျသင့်သည်။ KBZ အနေဖြင့် မြန်မာနိုင်ငံသားတို့ထံမှ ငွေလွှဲခ ကောက်ခံခြင်း မရှိသော်လည်း Tranglo အနေဖြင့် ဝန်ဆောင်ခ ယူနိုင်သည်။ တောင်ကိုးရီးယားမှ Tranglo ၏ လက်တွဲဖော် ငွေလွှဲလုပ်ငန်း ဖြစ်သော GME Remittance ဖြင့် အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့် ညီမျှသော ကိုရီးယားနိုင်ငံသုံးငွေ ဝမ်ကို ပေးပို့လျှင် ဝန်ဆောင်ခ ဝမ် ၁၁,၀၀၀ ( အမေရိကန်ဒေါ်လာ ၉.၇၀) ပေးရသည်ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၀.၂% ဝန်းကျင် ကျသင့်သည်။
ပေးပို့သော နိုင်ငံခြားငွေပမာဏနှင့် ညီမျှသော ကျပ်ငွေကို ငွေလက်ခံသူ၏ KBZဘဏ်စုဆောင်းငွေစာရင်းသို့ ထည့်ပေးမည် ဖြစ်သည်။ ဘဏ်သို့ ဘဏ်စာအုပ်ဖြင့် လူကိုယ်တိုင် လာရောက်၍ ထုတ်နိုင်သည်။ ATM တွင်လည်း ထုတ်နိုင်သည်။ KBZPay အက်ပ်ဖြင့်လည်း သုံးနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် True Money နှင့် 2C2P တို့သည် မြန်မာနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲဝန်ဆောင်မှုများ လုပ်ကိုင်ပေးလျက် ရှိသည်။
မြန်မာနိုင်ငံမှ ဒုတိယအကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်သော AYA Bank သည် နယ်စပ်ဖြတ်ကျော် ငွေလွှဲဝန်ဆောင်မှုများကို ထိုင်းနိုင်ငံမှ Siam Commercial Bank နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ Wave Money သည် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုတွင် အကျယ်ပြန့်ဆုံး ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ငွေလွှဲဝန်ဆောင်မှုများကို လုပ်ကိုင်ရန် လိုင်စင်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်တွင် လျှောက်ထားပြီး အတည်ပြု ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေသည်။
နယ်စပ်ဖြတ်ကျော် ငွေလွှဲဝန်ဆောင်မှုများလုပ်ငန်း Tranglo ကို ၂၀၀၈ ခုနှစ်တွင်ထူထောင်ခဲ့ပြီး ကွာလာလမ်ပူ၊ စင်ကာပူ၊ ဒူဘိုင်းနှင့် လန်ဒန် မြို့ကြီးများတွင် ရုံးခန်းများ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိသည်။ ငွေလွှဲကွန်ရက်သည် နိုင်ငံပေါ် ၁၀၀ ကျော်ကို ဖြန့်ကျက်ထားသည်။
AliPay နှင့် WeChat Pay HK တို့နှင့် လက်တွဲထားပြီး အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများသို့ ပြည်ပမှ နေရပ်တိုင်းပြည်သို့ ငွေလွှဲသည့်သူများအတွက် ဝန်ဆောင်မှုများ ပေးသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ကမ္ဘာတစ်လွှားတွင် အမေရိကန်ဒေါ်လာ ၆.၉၁ ဘီလျံ ပေးပို့ပေးခဲ့ပြီးပြီ ဖြစ်သည်ဟု ကုမ္ပဏီ၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
kr-asia.com