ဆက်လက် ဝန်ဆောင်မှုများ ပေးသွားမည့် ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ ၉၂ ခု စာရင်း


26 September, 2020

COVID-19 ရောဂါကူးစက်မှုပြင်းထန်နေသည့်ယခုကာလအတွင်း ကမ္ဘောဇဘဏ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်ခွဲ (၅၁) ဘဏ်၏ ဝန်ဆောင်မှုများကို (၂၉.၀၉.၂၀၂၀) မှစတင်၍ ခေတ္တယာယီရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။

သို့ရာတွင် customer များ၏ နေ့စဉ်ဘဏ်လုပ်ငန်းဆောင်တာများ အဆင်ပြေမှုရှိစေရေးအတွက် ဘဏ်ခွဲစုစုပေါင်း (၉၂) ဘဏ်ကို ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်သော နံနက် (၉:၃၀) နာရီ မှ နေ့လည် (၃) နာရီအထိ ဆက်လက်ဖွင့်လှစ်ထားပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ပါသည်။ အဆိုပါဖွင့်လှစ်ထားသော ဘဏ်ခွဲများမှာလည်း လက်ရှိယာယီရပ်ဆိုင်းထားမည့်ဘဏ်များနှင့်

 

နီးစပ်ရာ အကွာအဝေးအတွင်းမှာသာ တည်ရှိပြီး ဝန်ထမ်းများကိုလည်း အလည့်ကျစနစ်ဖြင့် တာဝန်ချိန်ခွဲ၍ အလုပ်လုပ်စေသောကြောင့် customer များအနေဖြင့် ဘဏ်လုပ်ငန်းများကို လုံခြုံစိတ်ချစွာ ရယူနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ အခြား ကမ္ဘောဇဘဏ်ခွဲများအားလုံးတွင် ပုံမှန်ဘဏ်လုပ်ငန်း အချိန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားပါမည်ဖြစ်ပါသည်။

 

Customer များနှင့် ဝန်ထမ်းများအားလုံး ဘေးကင်းလုံခြုံမှုရှိရေးသည် ကမ္ဘောဇဘဏ်၏ ထိပ်တန်းဦးစားပေးဖြစ်သည့်အလျောက် ကျန်းမားရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာလုပ်ဆောင်လျက်ရှိကြောင်းကိုလည်း အသိပေးအပ်ပါသည်။

 

Customerများအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက် ATMများ၊ KBZPay mobile wallet၊ KBZ iBankingနဲ့ mBanking အစရှိသော လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံရန် မလိုအပ်သော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန် မလိုအပ်ပဲ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။

 

ဝန်ဆောင်မှုခေတ္တယာယီရပ်ဆိုင်းထားသော ဘဏ်များ နှင့် ဆက်လက်ဖွင့်လှစ်ထားသော ဘဏ်များစာရင်းကို ကမ္ဘောဇဘဏ် website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Posting By Aung Win

Source: KBZ BANK

 

No photo description available.

No photo description available.

Banking & Loan Read 541 times