KBZPay သီတင်းကျွတ်လက်ဆောင် အစီအစဉ် သီတင်းကျွတ်မုန့်ဖိုး ကျပ် သိန်း (၁,၀၀၀) ကျော် မျှဝေမည်


16 October, 2021

KBZPay ၏ နှစ်စဉ် သီတင်းကျွတ်လက်ဆောင် ပေးအပ်သည့် အစီအစဉ်တွင် Customer များအတွက် သီတင်းကျွတ်မုန့်ဖိုး မြန်မာငွေကျပ် သိန်းပေါင်း (၁,၀၀၀) ကျော် မျှဝေမည်။

မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် KBZPay က ၎င်း၏ လူသိများသော မုန့်ဖိုး အစီအစဉ်ကို ထပ်မံကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးကြေညာလိုက်ပါသည်။ နှစ်စဉ် သီတင်းကျွတ်ပွဲတော်အတွင်း ကျင်းပမြဲဖြစ်သော ယခု အစီအစဉ်သည် KBZPay အက်ပလီကေးရှင်းမှတစ်ဆင့် မိမိချစ်ခင်ရသူများအတွက် မုန့်ဖိုးများမျှဝေပြီး ပေးကမ်းခြင်း လက်ဆောင်မွန်ဖြင့် ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ကြစေရန် ရည်ရွယ်ပါသည်။ မျှဝေတတ်သော၊ လက်ဆောင် ပေးတတ်သော ပွဲတော်ဓလေ့ကို အားပေးတိုက်တွန်းနိုင်ရန် KBZPay က သီတင်းကျွတ်ပိတ်ရက်များဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း customer များအတွက် မြန်မာငွေကျပ် သိန်းပေါင်း (၁,၀၀၀) ကျော် တန်ဖိုးရှိ မုန့်ဖိုးနှင့် လျှော့ဈေးကူပွန်များ လက်ဆောင်ပေးအပ်သွားမည် ဖြစ်ပါသည်။

KBZPay သီတင်းကျွတ်မုန့်ဖိုး ဘယ်လိုရယူနိုင်မလဲ

မြန်မာနိုင်ငံတစ်ဝန်း မည်သည့် KBZPay level ဖြစ်စေ အသုံးပြုနေသော customer များအားလုံး မုန့်ဖိုး အခမဲ့ ရယူနိုင်မည့် အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ အစီအစဉ် ကျင်းပနေသည့် ကာလအတွင်း KBZPay customer များသည် KBZPay အက်ပလီကေးရှင်းအတွင်း ပေးအပ်မည့် ရောင်စုံ “ဆီမီးကဒ်” များကို စုဆောင်းရန် လိုအပ်ပါသည်။ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ထွန်းညှိကြသော ဆီမီးခွက်လေးများအတိုင်း သရုပ်ဖော်ထားသည့် “ဆီမီးကဒ်” များကို အောက်ပါနည်းလမ်းများဖြင့် ရှာဖွေစုဆောင်းနိုင်ပါသည်။

၁) သီတင်းကျွတ်မုန့်ဖိုး အစီအစဉ် စာမျက်နှာသို့ နေ့စဉ် ဝင်ရောက်ခြင်း

၂) KBZPay အကောင့်တစ်ခု စာရင်းသွင်း အတည်ပြုနိုင်ရန် လူအများအား ဖိတ်ကြားခြင်း

၃) ‘မက်ဆေ့’ နေရာတွင် တွေ့ရှိနိုင်သော KBZPay တရားဝင်အကောင့်အား ကြည့်ရှုစစ်ဆေးခြင်း

၄) ငွေ ၅,၀၀၀ ကျပ်နှင့်အထက် KBZPay အသုံးပြု၍ ဈေးဝယ်ခြင်း

နေ့စဉ် စုဆောင်းနိုင်သော ရောင်စုံဆီမီးကဒ် (အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ ခရမ်း) စုစုပေါင်း (၅) ရောင် ရှိပါသည်။ ဆီမီးကဒ် (၅) ခုစလုံး စုဆောင်းထားသော customer များသည် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း နေ့စဉ် ည ၈ နာရီခွဲအချိန်တွင် ၎င်းတို့၏ သီတင်းကျွတ် မုန့်ဖိုးကို ဖွင့်ဖောက်ယူနိုင်ပါသည်။ ဆီမီးကဒ် (၅) ခုစလုံး မစုဆောင်းနိုင်သော်လည်း အနည်းဆုံး ဆီမီးကဒ် (၁) ခု ရှိထားသော customer များမှာလည်း ၎င်းတို့အတွက် သီတင်းကျွတ် မုန့်ဖိုးကို ဖွင့်ဖောက်နိုင်ပြီး ပမာဏ အနည်းငယ်လျော့ပြီး ရရှိမည် ဖြစ်ပါသည်။

Customer တစ်ဦးသည် တစ်နေ့လျှင် အများဆုံး ဆီမီးကဒ် အခု (၂၀) စုဆောင်းနိုင်ပြီး အစီအစဉ် ကျင်းပနေသည့် ကာလတစ်လျှောက် အများဆုံး ဆီမီးကဒ် အခု (၅၀) အထိ စုဆောင်းနိုင်ပါသည်။ သတ်မှတ်ထားသော အများဆုံး အရေအတွက်ထက် ပိုမိုစုဆောင်းထားနိုင်သော customer များအနေဖြင့် နေ့စဉ် မုန့်ဖိုး ဖွင့်ဖောက်နိုင်သည့်အချိန် မတိုင်မီ ပိုနေသော ဆီမီးကဒ်များကို ၎င်းတို့၏ သူငယ်ချင်းများထံ ပေးပို့နိုင်ပါသည်။

အစီအစဉ် ကျင်းပနေသည့် ကာလအတွင်း နေ့စဉ် ပေးအပ်သွားမည့် မုန့်ဖိုးလက်ဆောင်များကို ရယူနိုင်ဖို့ ပါဝင်ဆင်နွှဲကြပါရန် KBZPay customer များ အားလုံးကို ဖိတ်ကြားအပ်ပါသည်။ ထို့အပြင် အစီအစဉ် ကျင်းပနေသည့် ကာလအတွင်း တစ်ရက်လျှင် အတည်ပြုပြီး KBZPay အသုံးပြုသူ အသစ်များ အများဆုံး ဖိတ်ကြားနိုင်သည့် KBZPay customer အယောက် (၁၀၀) မှာ အပိုဆောင်း ငွေသားဆုများ ထပ်မံ ရရှိနိုင်မည် ဖြစ်ပါသည်။

KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို Google Play Store သို့မဟုတ် Apple App Store တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်သည်။ KBZPay ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များအကြောင်းနှင့် KBZPay သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက KBZPay ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/KBZPay တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

 

KBZPay အကြောင်း

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။

သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည်လျက်ရှိကာ နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay မိတ်ဖက်ဈေးဆိုင်များ၊ ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.kbzpay.com နှင့် www.facebook.com/KBZPayတွင်ဝင်ရောက် လေ့လာနိုင်ပါသည်။

English Version

 KBZPay, the leading mobile wallet in Myanmar, is excited to announce the return of its popular Pocket Money campaign. Held annually during the Thadingyut Festival, the campaign aims to inspire people to celebrate the gift of giving by sharing pocket money with loved ones through the KBZPay app. To spur on the spirit of sharing and gifting, KBZPay will give away pocket money and discount coupons totalling more than MMK 100 million to customers during the Thadingyut holidays from 15 to 21 October.

How KBZPay Thadingyut Pocket Money Works

All levels of KBZPay customers nationwide can participate in the campaign to win free pocket money. During the campaign period, KBZPay customers will need to collect coloured “lamp cards” found in the KBZPay app. The 'lamp cards', inspired by tea lamps which are lit during the Thadingyut Festival, can be found in the following ways:

1) Daily check-ins to the Thadingyut Pocket Money campaign page
2) Inviting people to register for a KBZPay account which will be verified
3) Browsing the KBZPay official account which can be found in the ‘Message’ tab
4) Spending MMK 5,000 or more using KBZPay for purchases

In total, there are five different coloured lamp cards (yellow, green, red, blue and purple) which can be collected daily. Customers who have collected all five lamp cards can open their Thadingyut Pocket Money at 8.30pm on each day from 19 to 21 October. Those who have not collected all five lamp cards will still be able to open their Thadingyut pocket money, but will receive a smaller amount, so long as they have collected at least one lamp card.

Each customer can get a maximum of 20 lamp cards per day, and a maximum of 50 lamp cards for the entire campaign period. Those with extra lamp cards can send them to their friends before the Pocket Money opening time each day.

KBZPay customers are invited to try to win pocket money prizes on each day of the campaign period. In addition, the top 100 KBZPay customers who invite the highest number of new verified KBZPay users on each day of the campaign period will each receive a cash back award.

To download the latest version of the KBZPay app, please visit the Google Play Store and the Apple App Store. For more information about new KBZPay product and service offerings and the KBZPay Thadingyut Pocket Money campaign, please visit the official KBZPay Facebook page -  www.facebook.com/KBZPay 

 

About KBZPay

KBZPay is a mobile wallet that connects people to a digital economy that was once out of reach for many. Introduced in 2018 in line with KBZ Bank’s ambition toward 100% financial inclusion to support Myanmar’s development ambitions and needs, KBZPay brings financial services beyond the physical branches of the bank and into the palms of customers’ hands.

Millions of customers now enjoy a new banking experience, using KBZPay to manage their money, pay for goods and services, store cash, remit to loved ones and conduct daily financial tasks that were once labour-intensive and time consuming. KBZPay utilises the best and safest technology and is now the leading mobile wallet in Myanmar, connecting customers with thousands of merchants and agents across the country every day. For more information, please visit www.kbzpay.com and  www.facebook.com/KBZPay 

Banking & Loan Read 1082 times