မှတ်ပုံတင်ထားသည့် ယာဉ်ကိုယ်ထည်ရှေ့ပိုင်းနှင့် လိုင်စင်မဲ့ယာဉ်နောက်ပိုင်းကို ဂဟေဆက်၍ ဖောက်စွပ်ပြုလုပ်သည့် ကားများ စစ်ဆေးတွေ့ရှိလာရကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခင်က မှတ်ပုံတင်ထားသည့်ယာဉ်၏ (Chasis Number) ပေါင်အမှတ်တပ်ထားသည့် နေရာကို ဖောက်ထုတ်ပြီး လိုင်စင်မဲ့ကားတွင် တပ်ဆင်ခြင်း၊ ပေါင် အမှတ်ပါ ယာဉ်ပါးခြမ်းနှစ်ဖက်ကို ဖြတ်ထုတ်ပြီး အခြားယာဉ်တွင် ဖြတ်ဆက်ကာ ဖောက်စွပ်ပြုလုပ်လေ့ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ဆေးတွေ့ရှိ
***
ယခုနောက်ပိုင်းတွင် မှတ်ပုံ တင်ထားသည့်ယာဉ်၏ ကိုယ် ထည်အရှေ့ပိုင်းနှင့် အဆိုပါယာဉ်နှင့် ပုံစံတူလိုင်စင်မဲ့ကား၏ ကိုယ် ထည်နောက်ပိုင်းတို့ကို ခါးလယ်မှ ဖြတ်၍ ဂဟေဆက်ပြီး ဖောက်စွပ် ပြုလုပ်လာသည်ကို စစ်ဆေးတွေ့ ရှိရသည်ဟုဆိုသည်။
‘‘ကားတိုက်ထားလို့ရှိရင် ကျွန်တော်တို့က အပ်နှံခွင့်ပြုထားတယ်။ ဒီလောက်ဆိုးတဲ့ကား တစ်ဝက်လောက်ကြီး ဖြတ်ဆက်ထားတာကတော့ ဘယ်လိုမှ Road Safety မဖြစ်နိုင်ဘူးလေ’’ဟု ကညန(မြင်သာ)ရုံး ညွှန်ကြားရေး မှူး ဦးလျန်ကျင့်မန်ကပြောသည်။ပြီးခဲ့သည့်သြဂုတ်က စတင်၍ ယင်းကဲ့သို့ ခါးလယ်ဖြတ်ဆက်ထားသည့် ဖောက်စွပ်ယာဉ်နှစ်စီး စစ်ဆေးတွေ့ရှိသဖြင့် မော်တော် ယာဉ်ဥပဒေပုဒ်မ ၁၈(င) အရ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းကာ ရဲစခန်းသို့ ကားအပ်နှံအရေးယူထားကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။
ပြည်သူများအနေဖြင့် ဖောက်စွပ်ပြုလုပ်သူများကို တွေ့ရှိပါက ကညနတာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေးရန်နှင့် ကားပြုပြင်ရေး ဘော်ဒီရုံများအနေဖြင့် ယာဉ်အလုံးချိန်း ဖောက်စွပ်မပြုလုပ်ပေးရန် ၎င်းကပြောသည်။
ဖောက်စွပ်တွေ့ရှိလျှင်
***
လက်ရှိ ရန်ကုန်တိုင်းအတွင်း အခွံချိန်း၊ အလုံးချိန်း(Body Coach) ပြောင်းထားသည့် ယာဉ် ၁၂၇ စီးရှိပြီး ဇွန်လ ၂၀ ရက်က စတင်၍ ကညနတွင် သက်တမ်း တိုးသည့်ယာဉ်များ၌ အဆိုပါကားများတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းသို့ အပ်နှံနေကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
7 day