Kirin Holdings မြန်မာပြည်မှ ဇွန်လ နောက်ဆုံးထား ထွက်ခွာ‌တော့မည်


14 February, 2022

Kirin Holdings မြန်မာပြည်မှ ထွက်ခွာ‌တော့မည်

ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings က  မြန်မာနိုင်ငံမှာ လုပ်ကိုင်လျက်ရှိတဲ့ ဖက်စပ်လုပ်ငန်းမှ ဇွန်လ နောက်ဆုံးထားပြီး နုတ်ထွက်တော့မယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Kirin က ဖက်စပ်လုပ်ကိုင်နေတဲ့  မြန်မာ့ စီးပွားရေး ဦးပိုင် အများ နှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် Myanma Economic Holdings Public Company Limited (MEHPCL) နှင့် ဖက်စပ်လုပ်ငန်း ဖျက်သိမ်းဖို့ကိစ္စ အငြင်းပွားနေခဲ့ပါတယ်။

Kirin က MEHPCL ရဲ့ ရှယ်ယာများကို ဝယ်ယူပြီး မြန်မာ‌ဈေးကွက်ထဲမှာ ဆက်လက်လုပ်ကိုင်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တစ်နှစ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးချိန်မှာ ဖက်စပ်လုပ်ငန်း ဖျက်သိမ်းဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီး Kirin က မြန်မာနိုင်ငံမှ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Kirin က မြန်မာနိုင်ငံမှ လုပ်ငန်းနှစ်ခု ဖြစ်တဲ့ Myanmar Brewery Ltd နှင့် Mandalay Brewery Ltd တို့မှ Kirin ရဲ့ ပိုင်ဆိုင်မှုများကို ရောင်းချမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

နုတ်ထွက်မှုမှာ အဆိုပါလုပ်ငန်းနှစ်ခုမှဝန်ထမ်းအင်အား ၁,၄၅၀ ဦးခန့်တို့ရဲ့ သက်မွေးဝမ်းကျောင်းနှင့် ‌ဘေးကင်းရေးတို့ဟာ အရေးကြီးကိစ္စရပ်ဖြစ်ကြောင်း ပြောကြားပါတယ်။

Investment/Divestment Read 780 times