မြန်မာ-တောင်ကိုရီးယားနှစ်နိုင်ငံအကြား ချိတ်ဆက်ပေးမည့် Korea Desk ဖွင့်လှစ်


25 December, 2020

မြန်မာ-တောင်ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအား သတင်းအချက်အလက် ပံ့ပိုးပေးနိုင်ရေးရည်ရွယ်သော Korea Desk ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မြန်မာ-တောင်ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအား သတင်းအချက်အလက် ပံ့ပိုးပေးနိုင်ရေးရည်ရွယ်သော Korea Desk ဖွင့်ပွဲအခမ်းအနာအား ယနေ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူတို့ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တောင်ကိုရီးယားသံရုံးလက်အောက်ရှိ စီးပွားရေးဌာနတစ်ခုဖြစ်သော KOTRA Yangon (Korea Trade-Investment Promotion Agency) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အဆိုပါ Korea Desk အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) နှင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) ဌာနတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံအကြားဖြစ်ပေါ်နေသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများအား ဖော်ပြပါ Korea Desk မှ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တောင်ကိုရီးယားနိုင်ငံရှိ ကုန်သွယ်မှုဆိုင်ရာမူဝါဒများအား မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။


ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Investment/Divestment Read 433 times