ကိုရီးယားနိုင်ငံက ၂၀၁၈ ခုနှစ်အတွက် မြန်မာအလုပ်သမား တစ်သောင်းကျော်အထိ ခေါ်ယူရန်စီစဉ်နေပြီး ယခင်နှစ်ထက် နှစ်ဆကျော်ပိုမိုများပြားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါသည်။လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် မြန်မာလုပ်သားများကို ၂၀၁၁ ခုနှစ်ကတည်းက စတင်စေလွှတ်ခဲ့ပြီး လက်ရှိအချိန်အထိ လုပ်သား သုံးသောင်းကျော်စေလွှတ်ထားကြောင်း သိရပါသည်။
၂၀၁၇ ခုနှစ်တွင် ကိုရီးယားနိုင်ငံက ဆောက်လုပ်ရေး၊ ကုန် ထုတ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် မြန်မာလုပ်သား ၄၀၀၀ ကျော်သာ အအောင်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်းအတွက် လုပ်သား ၈၇၀၀၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက် လုပ်သား ၄၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် လုပ်သား ၉၀၀ စုစုပေါင်းလုပ်သား တစ်သောင်းအထိ အောင်ချက်တိုးမြှင့်ပေးလိုက်ကြောင်း သိရပါသည်။
၂၀၁၈ ခုနှစ်အတွက် ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာလုပ်သားတွေကို အောင်မြင်မှုနှုန်းပေးတာ မနှစ်ကထက်စာရင် နှစ်ဆခွဲတိုးမြှင့်ပေးထားကြောင်း၊ စုစုပေါင်းကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းအားလုံးအတွက် တစ်သောင်း ခေါ်ယူမည်ဖြစ်ပြီး ယမန်နှစ်ကတော့ စုစုပေါင်း ၄၀၀၀ ကျော် အောင်မြင်မှုနှုန်းရှိခဲ့ပါသည်။
လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသူမျ ားအတွက် စာမေးပွဲ လျှောက်လွှာများကို အောက်မြန်မာပြည်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်တွင် မန္တလေးတိုင်းဒေသကြီးတို့တွင် နှစ် နေရာခွဲကာ ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၎င်းအပြင် ကိုရီးယားဘာသာစကား သင်သင်တန်းကျောင်းများတွင် စာမေးပွဲလျှောက်လွှာများကို ကြိုတင်ထုတ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် မတ် ၅၊ ၆ ရက်တွင်ထုတ်ပေးပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် မတ် ၉၊ ၁၀ ရက်တို့တွင် ထုတ်ပေးထားကြောင်း သိရပါသည်။
ကိုရီးယားဘာသာစကား သင်တန်းကျောင်းများနှင့် မတ် ၁၂ရက်တွင်နေ့တစ်ပိုင်းအတွင်းကိုရီးယားတွင် သွားရောက်လုပ်ကိုင်ရန်အတွက် စာမေးပွဲလျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီးအတွက် လျှောက်လွှာ ၁၇၀၀၀ ကျော် ထုတ်ပေးထားကြောင်း သိရပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် သင်တန်းကျောင်းများသို့ ကြိုတင်ပေးထားသည့် လျှောက်လွှာ ၈၀၀၀ ကျော်အထိရှိကြောင်း သိရပါသည်။
ကိုရီးယားနိုင်ငံသည် အခြေခံလုပ်ခလစာကို ယခင်နှစ်က တိုးမြှင့်ထားပြီး အလုပ်သမားတစ်ဦးအတွက် အခြေခံလုပ်ခလစာမှာ တစ်လလျှင် ၁၅ သိန်းမှ ၁၇ သိန်းအထိရရှိနိုင်ပြီး အချိန်ပိုကြေးလုပ်အားခများ ထည့်သွင်းတွက်ချက်ပါက တစ်လလျှင် သိန်း ၂၀ ကျော် အထိရရှိနိုင်ကြောင်း သိရပါသည်။
Source: Eleven