ပင်လယ်ရပ်ခြား ဘဏ်ခွဲများ တိုးချဲ့ခြင်းသည် ကိုရီးယားမှ အဓိကကျသည့် ဘဏ်လုပ်ငန်းများ၏ စီးပွားရေး မဟာဗျူဟာအတွက် အထူးသဖြင့် အရှေ့တောင်အာရှဒေသအတွက် ပဓာနကျသည့် မဟာဗျူဟာတစ်ရပ် ဖြစ်လာသည်။
မြန်မာနိုင်ငံကဲ့သို့သော ကြိုတင်မှန်းဆ မရနိုင်သော နိုင်ငံရေးအခြေအနေများကို ဒေသအတွင်းရှိ နိုင်ငံအချို့တွင် ရှိသော်ငြားလည်း ကိုရီးယားတွင် ရုံးချုပ်ထားရှိသော ဘဏ်လုပ်ငန်းများသည် ၎င်းတို့၏ စီးပွားရေးကို အရှေ့တောင်အာရှဒေသတွင် တိုးချဲ့ရန် ပြင်ဆင်လျက် ရှိကြပြီး ပဓာနကျသည့် ဘဏ်လုပ်ငန်းများသည် ဒေသအတွင်းတွင် ထပ်မံကြီးထွားရန်အတွက် ခြေလှမ်းအသစ်များ လှမ်းကြမည် ဖြစ်သည်။
KB Kookmin Bank
KB Kookmin Bank က ၎င်းလက်အောက်ခံ အင်ဒိုနီးရှား ဘဏ်လုပ်ငန်း Bank KB Bukopin တွင်
အရင်းအနှီး ဝမ် ၄၀၀ ဘီလျံ (ကန်ဒေါ်လာ သန်း ၃၄၀) ထပ်တိုးပြီး လုပ်ကိုင်သွားမည် ဖြစ်သည်။
KB Kookmin Bank သည် ၎င်းအင်ဒိုနီးရှားဘဏ်တွင် ရှယ်ယာဝေစု ၆၇% ကို ပိုင်ဆိုင်မည် ဖြစ်ပေရာ အကြီးမားဆုံး ရှယ်ယာဝေစု ပိုင်ဆိုင်သူ ဖြစ်လာမယ်။ ၂၀၁၈ ခုနှစ်တွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထပ်မံဝယ်ယူခဲ့ခြင်း ဖြစ်သည်။
လက်အောက်ခံ အင်ဒိုနီးရှား ဘဏ်လုပ်ငန်း Bank KB Bukopin တွင် အရင်းအနှီး ထပ်တိုးခြင်းဖြင့် ဖောက်သည် အသစ်များ တိုးအောင် ဆွဲဆောင်နိုင်မည် ဖြစ်ပြီး ဘဏ်၏ အိုင်တီအခြေခံအဆောက်အအုံကို အားဖြည့်တင်းနိုင်စေမည် ဖြစ်သည်။ Bank KB Bukopin သည် ၂၀၂၁ ခုနှစ် ဇွန်လကုန်တွင် စုစုပေါင်း ပိုင်ဆိုင်မှု ဝမ် ၅.၈၂ ထရီလီယံ ရှိနေပြီး လုပ်ငန်းလည်ပတ်မှု အမြတ် ၂၂၁.၃ ဘီလျံကို ယခုနှစ် ပထမနှစ်ဝက်တွင် ရရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ PRASAC Microfinance Institution သည် KB Kookmin Bank ၏ အရှေ့တောင်အာရှအတွက် နောက်ထပ် အဓိက ခြေကုပ်တစ်နေရာ ဖြစ်သည်။ ဇွန်လကုန်တွင် စုစုပေါင်း ပိုင်ဆိုင်မှု ဝမ် ၄.၃ ထရီလီယံ ရှိသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် လုပ်ငန်းလည်ပတ်မှု အမြတ် ဝမ် ၄၀၁,၄ ဘီလျံ ရှိပြီး အသားတင်အမြတ် ဝမ် ၉၀.၆ ဘီလျံ ရရှိခဲ့သည်။
စွမ်းဆောင်ရည် ကောင်းသဖြင့် KB Kookmin Bank သည် PRASAC Microfinance လက်ထဲ ရှိသည့် ၃၀ % ကို ဝယ်ယူရန် ဩဂုန်လဆန်းတွင် ဆုံးဖြတ်ချက် ချခဲ့သည်။ ထိုသို့ ဝယ်ယူပြီးပါက ဘဏ်လုပ်ငန်းတွင် ၉၉.၉၉ % ကို KB Kookmin Bank က ပိုင်ဆိုင်မည် ဖြစ်သည်။ ထိုနောက်ပိုင်းတွင် လက်လီကဏ္ဍ လုပ်ကိုင်နေသည့်ဘဏ်လုပ်ငန်းအဖြစ်မှ အဓိက စီးပွားရေး ဘဏ်လုပ်ငန်းအဖြစ်သို့ ပြောင်းလဲသွားမည်ဟု ဆိုသည်။
ထိုသို့သော အမြတ်များ ရရှိသဖြင့် KB Kookmin Bank က မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဆုံးရှုံးထားသော ဝမ် ၅.၃ ဘီလျံကို ထေမိစေသည်။
“ပင်လယ်ရပ်ခြား လုပ်ငန်း လည်ပတ်လုပ်ကိုင်ရတာ နိုင်ငံတစ်ခုချင်းအရ သူတို့ရဲ့ ပင်ကိုလက္ခဏာတွေ သိသာထင်ရှားစွာ ကွဲပြားခြားနားပါတယ်။ ဘဏ်က စီမံခန့်ခွဲမှု မဟာဗျူဟာထဲမှာ လုပ်နည်းကိုင်ဟန် အမျိုးမျိုးကို လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ KB Kookmin Bank မှ အရာရှိတစ်ဦးက ပြောကြားသည်။
“မြန်မာနိုင်ငံဆိုရင် ထိခိုက်တာက ပိုကြီးမားတယ်။ ဘာလို့လဲဆိုတော့ လက်လီကဏ္ဍကို စူးစိုက်ထားလို့ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
Woori Bank
Woori Bank ကလည်း ကမ္ဘောဒီယားနိုင်ငံမှာ လုပ်ငန်း လည်ပတ်လုပ်ကိုင်တာအတွက် ယခုနှစ် ပထမနှစ်ဝက်မှာ အမြတ် ရရှိခဲ့ပါတယ်။ ယမန်နှစ် အစောပိုင်းမှာ ၎င်းရဲ့ လက်အောက်ခံ ဘဏ်လုပ်ငန်းနှစ်ခုကို WB Finance ထဲသိုံ ပေါင်းစည်းခဲ့ပါတယ်။ ယခုနှစ် ပထမနှစ်ဝက်တွင် အသားတင်အမြတ် ဝမ် ၂၀.၉ ဘီလီယံ ရရှိခဲ့တယ်။
အင်ဒိုနီးရှားနိုင်ငံရှိ Woori Bank လက်အောက်ခံဖြစ်သော Bank Woori Saudara (BWS) နှင့် ဗီယက်နမ်နိုင်ငံမှ Woori Bank Vietnam ဘဏ်နှစ်ခုစလုံး ယခုနှစ် ပထမနှစ်ဝက်တွင် အသားတင်အမြတ် ဝမ် ၂၇.၉ ဘီလီယံ ရရှိခဲ့ကြတယ်။
ဘဏ်ရဲ့ အောင်မြင်မှုကို ကျေးဇူးပြုခဲ့တဲ့အချက်မှာ ဘဏ်ခွဲတည်ရှိရာ ပြည်တွင်းရှိ ဘဏ်အသုံးပြုကြသူများက ဘဏ်ကို အသုံးပြုနိုင်အောင် စီမံဆောင်ရွက်သောကြောင့် ဖြစ်ပြီး ထိုအချက်သည် အရှေ့တောင်အာရှတွင် ဘဏ် ကြီးထွားစေရန် ပဓာန ကျသည့် အချက်လည်း ဖြစ်သည်။
“ပြည်တွင်းမှာ ဘဏ်ကို သုံးစွဲနိုင်စေရေး မဟာဗျူဟာတွေကို အားကောင်းအောင် လုပ်ပေးထားတဲ့အတွက် တည်ငြိမ်ပြီး အကျိုးထိရောက်တဲ့ ကြီးထွားနှုန်းကို ဆက်လက် ရရှိနေမယ်။ ဘဏ်အနေဖြင့် ကာလလတ်နဲ့ ကာလရှည် ကြီးထွားမှုကို အရင်းအနှီး ထပ်ဖြည့်ထည့်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ထားရှိတယ်။ ဘဏ်တွေ ပေါင်းစည်းခြင်း၊ ဝယ်ယူခြင်းနဲ့အတူ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ ဆန်းသစ်တီထွင်မှုတွေ လုပ်ကိုင်သွားမယ်” လို့ ဘဏ်မှ အရာရှိတစ်ဦးက ပြောကြားပါတယ်။
Shinhan Bank
Shinhan Bank က ၎င်းရဲ့ ပင်လယ်ရပ်ခြား လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုများထံမှ ပထမနှစ်ဝက်အတွင်း အသားတင်အမြတ်ရရှိတဲ့ပမာဏ တစ်နှစ်ထက် တစ်နှစ် ၁၉.၁ % တိုးပါတယ်။ ဝမ် ၁၂၀ ဘီလီယံကျော် ရှိပါတယ်။
Shinhan Bank Vietnam လုပ်ကိုင်ရည် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး အကြမ်းအမြတ် ဝမ် ၅၈.၅ ဘီလီယံ ရရှိခဲ့တယ်။ ဘဏ်မှ ကျင့်သုံးတဲ့ ဒေသခံတို့ အသုံးပြုနိုင်အောင် ဖန်တီးခြင်း မဟာဗျူဟာများနဲ့အညီ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ ပေးအပ်ခဲ့တယ်။ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အကြီးမားဆုံး အရွယ်အစားဖြင့် ဘဏ်လုပ်ငန်း လည်ပတ်လုပ်ကိုင်နေပြီး ၎င်းရဲ့ ဂျပန်ရှိ လက်အောက်ခံ Shinhan Bank Japan (SBJ) ထံမှ ရရှိတဲ့ အသားတင်အမြတ်က ပထမနှစ်ဝက်အတွက်ယမန်နှစ်က ၃၀.၉ ဘီလီယံ ရရှိခဲ့ပြီး ယခုနှစ်မှာ ၃၉.၁ ဘီလီယံ ရရှိခဲ့ပါတယ်။
Hana Bank
Hana Bank အနေဖြင့် ပထမနှစ်ဝက်မှာ ရရှိတဲ့ အသားတင်အမြတ် လျော့ကျခဲ့ပြီး ဝမ် ၇၆.၃ ဘီလီယံ ရရှိခဲ့ပါတယ်။ ယမန်နှစ် ပထမနှစ်ဝက်မှာ ၉၈.၈ ဘီလီယံ ရရှိခဲ့ပါတယ်။ လျော့နည်းသွားရတဲ့ အဓိကအကြောင်းကတော့ အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လက်အောက်ခံ ဘဏ်မှာ ရရှိတဲ့ အသားတင်အမြတ် လျော့နည်းခဲ့လို့ ဖြစ်ပါတယ်။
ရင်းမြစ်။ ။ koreatimes.co.k