ကိုရီးယားဝမ်  ဒေါ်လာလဲနှုန်းအရ ငွေတန်ဖိုးကျဆင်း


21 January, 2022

ကိုရီးယားဝမ်  ဒေါ်လာလဲနှုန်းအရ ငွေတန်ဖိုးကျဆင်း


တောင်ကိုရီးယား ဝမ်သည် အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုး ထိုးကျသွားပါတယ်။ အခြားနိုင်ငံသုံးငွေများရဲ့ အမေရိကန်ဒေါ်လာလဲနှုန်း တန်ဖိုးထက် တန်ဖိုး ပိုမိုကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ကုန်ကြမ်းပစ္စည်း ဈေးနှုန်းများ ဈေးတက်ခြင်း၊ တိုင်းပြည်စီးပွားရေးသည် တရုတ်နိုင်ငံ စီးပွားရေးအပေါ် အကြီးအကျယ် တည်မှီထားခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းစတော့ရှယ်ယာများကို ရောင်းချခဲ့ကြခြင်းတို့ကြောင့် ဝမ်ရဲ့ ဒေါ်လာလဲနှုန်း တန်ဖိုးကျဆင်းရတယ်လို့ တောင်ကိုရီးယား ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ တရုတ်နိုင်ငံ စီးပွားရေး နှေးနေတာကြောင့် ဝမ်တန်ဖိုးအပေါ် ထိခိုက်စေတယ်လို့ ဆိုပါတယ်။ 

ကိုရီးယား ဝမ်ရဲ့ အမေရိကန်ဒေါ်လာနဲ့ လဲနှုန်း ၉% တန်ဖိုးကျဆင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံခြားငွေ ဘဏ်အပ်နှံမှုပမာဏ လျော့ကျ

ကိုရီးယားမှာ နေထိုင်သူများရဲ့ နိုင်ငံခြားငွေ ဘဏ်အပ်နှံငွေပမာဏ ပြီးခဲ့တဲ့ ဒီဇင်ဘာလ စာရင်းအရ လျော့ကျတယ်လို့ Bank of Korea (BOK) မှ ထုတ်ပြန်တဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီအများစုက နိုင်ငံခြားငွေ လက်ထဲကိုင်ထားတာကို လျှော့ချလိုက်ကြတဲ့အတွက် ယခုလို လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ် ဖြစ်တဲ့ Bank of Korea (BOK) မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ကိုရီးယားမှာ နေထိုင်သူများရဲ့ နိုင်ငံခြားငွေ ဘဏ်အပ်နှံတဲ့ ပမာဏက ၂၀၂၀ ဒီဇင်ဘာလကုန်မှာ အမေရိကန် ဒေါ်လာ ၉၇.၂၇ ဘီလီယံ ရှိပါတယ်။ နိုဝင်ဘာလကုန်မှာထက် အမေရိကန် ဒေါ်လာ ၅.၇၅ ဘီလီယံ လျော့ကျခဲ့ပါတယ်။

ကိုရီးယားမှာ နေထိုင်သူလို့ ဆိုတာမှာ ကိုရီးယားမှာ နေထိုင်တဲ့ နိုင်ငံသားများအပြင် ကိုရီးယားမှာ နေထိုင်တာ ၆ လကျော်နေပြီ ဖြစ်တဲ့ နိုင်ငံခြားသားနဲ့ ပြည်ပကုမ္ပဏီများလည်း များလည်း ပါဝင်ပါတယ်။ ဘဏ်အချင်းချင်း အပ်နှံတဲ့ပမာဏကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါဘူး။

Banking & Loan Read 1995 times