အနုပညာပို့ကုန် ကေပေါ့ပ်တေးစုများ တင်ပို့မှု   ၂၀၂၂ တွင် စံချိန်ထပ်တင်


05 February, 2023

အနုပညာပို့ကုန် ကေပေါ့ပ်တေးစုများ တင်ပို့မှု   ၂၀၂၂ တွင် စံချိန်ထပ်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တောင်ကိုရီးယား အနုပညာပို့ကုန် ကေပေါ့ပ်တေးစုများ ၂၀၂၂ တွင် စံချိန်တင် ဝင်ငွေရရှိခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ ၂၃၃.၁၃၃ သန်းဖိုး တင်ပို့ခဲ့ကြောင်း ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှု Korea Customs Service (KCS) မှ အချက်အလက် ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ထက် ၆.၅% ပိုများပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း ယခင်နှစ်များထက် ပိုများခဲ့ပါတယ်။ ကန်ဒေါ်လာ ၂၂၀.၈၅ သန်းဖိုး တင်ပို့ပြီး စံချိန်သစ်ခဲ့တာကို ၂၀၂၂ မှာ စံချိန်သစ် ထပ်တင်လိုက်တာ ဖြစ်ပါတယ်။


K-pop တေးစုများကို အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံက ဂျပန်နိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၈၅.၇၄ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ 

K-pop တေးစုများကို ဒုတိယ အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံက တရုတ်နိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၅၁.၃၃ သန်းဖိုး တင်သွင်းခဲ့ပါတယ်။


K-pop တေးစုများကို တတိယ အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံက အမေရိကန်နိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၃၈.၈၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။

K-pop တေးစုများကို အများဆုံး တင်သွင်းခဲ့တဲ့ ထိပ်တန်း (၁၀) Top 10 နိုင်ငံများတွင် ထိုင်ဝမ်၊ နယ်သာလန်၊ ထိုင်း၊ ဟောင်ကောင်၊ ဂျာမနီ၊ အင်ဒိုနီးရှားနှင့် ပြင်သစ်တို့ အစဉ်အတိုင်း ပါဝင်ကြပါတယ်။

အမျိုးသား K-pop အဖွဲ့များတွင် BTS, Stray Kids, Seventeen တို့ရဲ့ တေးစုများ တင်ပို့မှု အများဆုံး ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ အမာခံ ပရိသတ်များက အွန်လိုင်းအပါအဝင် ရုပ်ဝတ္ထုဓာတ်ပြား မသုံးဘဲ နားသောတဆင်နိုင်ကြပေမဲ့လည်း ဓာတ်ပြားကို ဝယ်ယူ အားပေးကြပါတယ်။


တစ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်မှာ အချပ်ရေ ၃.၄၈ သန်း ရောင်းချခဲ့ရသော BTS  သရုပ်ဖော်အယ်လ်ဘမ် "Proof" ဖြစ်ပါတယ်။
ဒုတိယအရောင်းရဆုံးတေးစုမှာ Stray Kids ရဲ့ Maxident ဖြစ်ပါတယ်။ 'Extended Play' EP အမျိုးအစား တေးစု ဖြစ်ပါတယ်။ အချပ်ရေ ၃.၁၈ သန်း ရောင်းချခဲ့ပါတယ်။

Seventeen ရဲ့ "Face the Sun" တေးစုက ချပ်ရေ ၂.၈၇ သန်း ရောင်းချခဲ့ပြီး BLACKPINK ရဲ့ "Born Pink" တေစုက ချပ်ရေ ၂.၅၂ သန်း ရောင်းချခဲ့ပါတယ်။

Ive ရဲ့ တတိယမြောက် တေးတစ်ပုဒ်တည်း ဓာတ်ပြား "After Like" ချပ်ရေ ၁.၆၅ သန်း ရောင်းချခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ အနုပညာပို့ကုန် ကေပေါ့ပ်တေးစုများ တင်ပို့မှုအတွက် အဓိကဈေးကွက်ကြီး ၃ ခု ဖြစ်တဲ့ ဂျပန်၊ တရုတ်နှင့် အမေရိကန်တို့အပေါ်မှာသာ အားပြုထားပါတယ်။ 
Source Yonhap

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 252 times