တောင်ကိုရီးယား နိုင်ငံကူးလက်မှတ် စာအုပ်အရောင်သတ်မှတ်ချက်အသစ် ပြဌာန်း


04 February, 2022

တောင်ကိုရီးယား နိုင်ငံကူးလက်မှတ် စာအုပ်အရောင်သတ်မှတ်ချက်အသစ် ပြဌာန်း

တောင်ကိုရီးယား နိုင်ငံသားများသည် ၁၉၈၈ မှစ၍ နိုင်ငံကူးလက်မှတ်passport စာအုပ် အစိမ်းရောင်ကို သုံးစွဲခဲ့ကြသည်။

၂၀၂၂ ဇန်နဝါရီလ ၁ ရက်မှစ၍ နိုင်ငံကူးလက်မှတ်စာအုပ်ကို အပြာရင့်ရောင်ဖြင့် စတင်ထုတ်ပေးလျက်ရှိပါသည်။
နိုင်ငံကူးလက်မှတ် ဉပဒေ Passport Act ပြင်ဆင်ချက်အရ ယခင် နိုင်ငံကူးလက်မှတ် စာအုပ်အစိမ်းရောင် မကြာခဏပျောက်ဆုံးသည့်အကျင့်ရှိသူ နိုင်ငံသားတို့ကို နိုင်ငံကူးလက်မှတ် စာအုပ် အပြာရောင် ထုတ်ပေးမည် မဟုတ်ပေ။

ပြန်လည်ပြင်ဆင်သည့် ဥပဒေအရ နိုင်ငံကူးလက်မှတ် အဟောင်းကို သက်တမ်းတိုးပြီး ငါးနှစ်အတွင်းတွင် သုံးကြိမ်နှင့်အထက် ပျောက်ဆုံးသွားသူများ၊ နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးပြီးနောက် တစ်နှစ်အတွင်း နှစ်ကြိမ်နှင့် အထက် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူတို့အား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်သတ်ချက် ပြဌာန်းထားမည် ဖြစ်ပါသည်။
ထိုနိုင်ငံသားတို့သည် ၅ နှစ် သို့မဟုတ် ၁၀ နှစ် သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ်စာအုပ် ပုံစံအသစ် အပြာရောင်ကို ရရှိမည် မဟုတ်ဘဲ နိုင်ငံကူးလက်မှတ် စာအုပ်အစိမ်းရောင်ကိုသာ ရရှိနိုင်မည် ဖြစ်သည်။

ပြန်လည်ပြင်ဆင်သည့်ဥပဒေအား လေ‌ာလောဆယ်တွင် အစိုးရဉပဒေပြုရေး ဝန်ကြီးဌာန Ministry of Government Legislation မှ သုံးသပ်နေသည်။ အတည်ပြုပေးပြီးသည့်အခါ နောက် ၃နှစ်တိုင်တိုင် အသက်ဝင်နေမည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိသုံးစွဲနေသည့် နိုင်ငံကူးလက်မှတ်စာအုပ် အစိမ်းရောင်ကို ထုတ်ပေးဖို့ ဆုံးဖြတ်ရသည်မှာ မသုံးရသေးသည့် စာအုပ်အသစ်လက်ကျန်များ ကျန်ရှိနေသောကြောင့် အလဟဿ မဖြစ်စေရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံကူးလက်မှတ် အပြာရောင်သည် အီလက်ထရွန်နစ် နိုင်ငံကူးလက်မှတ်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖော်ပြသည့်စာမျက်နှာကို ပိုလီကာဘွန်နိတ် polycarbonate ဖြင့် ပြုလုပ်ထားပြီး လေဆာ အမှတ်အသားပါသည်။ 

 

 

koreatimes.co.kr

Laws and Regulations Read 737 times