ကျောက်ဖြူ အထူးစီးပွားရေးဇုန်ပြီးစီးပါကအလုပ်နေရာ(၉၀)ရာခိုင်နှုန်းခန့်ကိုဒေသခံများအားခန့်အပ်ပေးသွားမည်


10 November, 2018

အထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းစတင်လည်ပတ်ပြီး(၁၀)နှစ်အကြာတွင်အခြေအနေပေါ်မူတည်၍စီမံခန့်ခွဲမှု၊အလုပ်နေရာ(၉၀)ရာခိုင်နှုန်းခန့်ကိုဒေသခံများအားခန့်အပ်ပေးသွားမည်ဟုCITIC Groupဥက္ကဋ္ဌ မစ္စတာChang Zhenmingကပြောပါတယ်။

၎င်းက"စီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်လာတာနဲ့အညီပဲမြန်မာဒေသခံများကိုတစ်ဖြည်းဖြည်းနဲ့စီမံခန့်ခွဲမှုအလုပ်နေရာခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။စီမံကိန်းအကုန်လုံးလည်ပတ်ပြီး(၁၀)နှစ်အကြာမှာအခြေအနေပေါ်မှာမူတည်ပြီးတော့စီမံခန့်ခွဲမှု၊အလုပ်နေရာ(၉၀)ရာခိုင်နှုန်းလောက်ဒေသခံများကိုခန့်အပ်ပေးမှာဖြစ်ပါတယ်"ဟုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့နေပြည်တော်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်ကျင်းပခဲ့သောကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင်သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ထို့ပြင်ဒေသခံလူငယ်များအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာရပ်များကိုအခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။CITIC Consortiumအနေဖြင့်ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုန်စီမံကိန်းကို(၂၀၁၅)ခုနှစ်၊ဒီဇင်ဘာလ(၃၀)ရက်နေ့တွင်တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်အစုရှယ်ယာပိုင်ဆိုင်မှုပုံစံမှာတရုတ်ဖက်မှ(၇၀)ရာခိုင်နှုန်း၊ဲဲမြန်မာဖက်မှ(၃၀)ရာခိုင်နှုန်းဖြစ်ပြီးစီမံကိန်းကိုအဆင့်လေးဆင့်ခွဲခြား၍အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်သီလဝါအထူးစီးပွားရေးဇုန်၊ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟူ၍အထူးစီးပွားရေးဇုန်(၃)ခုကိုအကောင်အထည်ဖော်လျက်ရှိပါတယ်။

popular news journal

Local News Read 895 times