e-Commerce လုပ်ငန်းများအတွက် တိကျသောဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်နေ


09 July, 2018

ပြည်တွင်းတွင် အထိန်းအကွပ်မရှိဘဲ ရောင်းချနေသော e-Commerce လုပ်ငန်းများကြောင့် ရောင်းမှား၊ ဝယ်မှားဖြစ်ပါက နောက်ကြောင်းစုံစမ်းမရသဖြင့် Online ရောင်းချခြင်းလုပ်ငန်းများကို တိကျသောဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

လက်ရှိတွင် ထိန်းကွပ်နိုင်မှုမရှိသော လုပ်ငန်းများအတွက် စားသုံးသူများမှ ဝယ်ယူသောပစ္စည်းများတွင် ရောင်းမှား၊ဝယ်မှားဖြစ်ပါက နောက်ကြောင်းပြန်စုံစမ်း၍ မရနိုင်သောကြောင့် Online ပေါ်တွင် ရောင်းချနေသော Online Shopping များကို မှတ်ပုံတင်သေချာစွာပြုလုပ်ပေးရန်နှင့် လိုအပ်နေသည်ဟု ၎င်းကပြောခဲ့ပါသည်။

ထို့အပြင် Online Shopping ရောင်းချခြင်းများအတွက် ဥပဒေ၊ နည်းဥပဒေမများပြဋ္ဌာန်းပေးခြင်း၊ စားသုံးသူများအပေါ် အကျိုးသက်ရောက်လာမည့် စားသုံးသူဆိုင်ရာဥပဒေများတွင် Online တွင် ရောင်းချနေသော ကုန်ပစ္စည်းများနှင့် ပတ်သက်သည့်အချက်အလတ်များကို တိကျစွာ ရှင်းလင်းဖော်ပြပေးရန် လိုအပ်နေကြောင်း သိရပါသည်။

ထို့အပြင် Distributor Right နှင့် Copy Right နှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများတွင်လည်း Online ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလတ်များကို တိကျရှင်းလင်းစွာဖော်ပြပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

Eleven

Laws and Regulations Read 706 times